အာဆီယံ-တရုတ်စင်တာ၏ လုပ်ငန်းအစီအစဉ်များနှင့် ပူးတွဲဦးဆောင်ဦးရွက်ပြုမှုများ တွင် မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်သွားမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အာဆီယံ-တရုတ်စင်တာ၏ လုပ်ငန်းအစီအစဉ်များနှင့် ပူးတွဲဦးဆောင်ဦးရွက်ပြုမှုများ တွင် မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်သွားမည်



နေပြည်တာ်၊ ဒီဇင်ဘာ ၁၀

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကိုကိုကျော်သည် မြန်မာနိုင်ငံသို့ အလုပ် သဘောခရီးစဉ်ဖြင့် ရောက်ရှိနေသော တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့အခြေစိုက် အာဆီယံ-တရုတ်စင်တာ၏ အတွင်းရေးမှူးချုပ် မစ္စတာ ရှေကျုံးကျွင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ၉-၁၂-၂၀၂၄ ရက်၊ ၁၀:၃၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။ 

ထိုသို့တွေ့ဆုံစဉ် အာဆီယံ-တရုတ် ဆွေးနွေးဖက်ဆက်ဆံရေးကို အပြန်အလှန်နားလည်မှု နှင့် ချစ်ကြည်ရင်းနှီးမှုတိုးမြှင့်ဖော်ဆောင်ရာတွင် အာဆီယံ-တရုတ် စင်တာအနေဖြင့် ဦးစားပေး နယ်ပယ်များဖြစ်သော ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ ပညာရေး၊ ယဉ်ကျေးမှု၊ ခရီးသွားလာရေး၊ သတင်းအချက်အလက်နှင့် မီဒီယာကဏ္ဍများအောက်မှ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ် များအပေါ် ဆွေးနွေးပြောကြားခဲ့ပြီး အာဆီယံ-တရုတ်စင်တာမှ ၂၀၂၄ ခုနှစ်အတွင်း အောင်မြင် စွာဆောင်ရွက်နိုင်ခဲ့သည့် စီမံကိန်းများအပေါ် ဆွေးနွေးခဲ့ကြပါသည်။

ဒုတိယဝန်ကြီးက အာဆီယံ-တရုတ်စင်တာ၏ ပံ့ပိုးမှုဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာန၏ သံတမန်ငယ်များအား တရုတ်ဘာသာစကား သင်တန်းကို အွန်လိုင်းမှ တစ်ဆင့်ဖွင့်လှစ်သင်ကြား ပေးမှုအပေါ် ကျေးဇူးတင်ရှိပါကြောင်း၊ တရုတ်ဘာသာစကားသင်ကြားပေးမည့် တရုတ်နိုင်ငံမှ ဆရာများပါဝင်သည့် Mobile Training Team မှ မြန်မာနိုင်ငံသို့ စေလွှတ်သင်ကြားပေးနိုင်မည့် အခြေအနေကိုလေ့လာသွားစေလိုကြောင်း၊ စိုက်ပျိုးရေးထုတ်ကုန်မြှင့်တင်မှု ဆိုင်ရာသင်တန်းများ၊ ကုန်သွယ်မှုမြှင့်တင်ရေးနှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဆိုင်ရာ နည်းပညာ မြှင့်တင်ရေးတို့တွင် အာဆီယံ-တရုတ်စင်တာနှင့် ပူးပေါင်းဆောင်ရွက်ကြရန် ဆွေးနွေးခဲ့ပါသည်။

အာဆီယံ-တရုတ်စင်တာ အတွင်းရေးမှူးချုပ်က အာဆီယံ-တရုတ် ဆွေးနွေးဖက်ဆက်ဆံ ရေးကို တိုးမြှင့်ဆောင်ရွက်ရာ၌ မြန်မာနိုင်ငံ၏ အရေးပါသည့် အခန်းကဏ္ဍကို အသိအမှတ်ပြုပါကြောင်းနှင့် အာဆီယံ-တရုတ်စင်တာ၏ လုပ်ငန်းအစီအစဉ်များနှင့် ပူးတွဲဦးဆောင်ဦးရွက်ပြုမှုများ တွင် မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းပြောကြားခဲ့ပါသည်။ 

ဒုတိယ ဝန်ကြီးနှင့် အတွင်းရေးမှူးချုပ်တို့သည် အာဆီယံ-တရုတ်စင်တာ၏ ပြည်သူများအကြားဖလှယ်ရေး အစီအစဉ်များမှ တစ်ဆင့် အာဆီယံနှင့် တရုတ်နိုင်ငံပြည်သူလူထုတို့အကြား အပြန်အလှန် နားလည်မှုကို ပိုမိုတိုးမြှင့်ဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြကြောင်းသိရှိရပါသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)