တောင်ဥက္ကလာပမြို့တွင် လူသတ်မှု ကျူးလွန်ခဲ့သည့် တရားခံ ၂ဦး ဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ဥက္ကလာပမြို့တွင် လူသတ်မှု ကျူးလွန်ခဲ့သည့် တရားခံ ၂ဦး ဖမ်းဆီးရမိ




ရန်ကုန်၊ ဒီဇင်ဘာ၂၇

တောင်ဥက္ကလာပမြို့နယ်၊ (၁၄)ရပ်ကွက်၊ သံသုမာလမ်းနှင့် မြင်သာ(၃)လမ်းထောင့်ရှိ ဆောက်လက်စ ကားအလှဆင်စက်ရုံတွင် လုံခြုံရေးတာဝန်ချထားသည့် ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီမှ ဝန်ထမ်း ကိုရန်နောင်ဦး ကိုဒီဇင်ဘာလ၂၅ရက်ည၌ သတ်ဖြတ်ခဲ့သည့် တရားခံ ၂ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ကိုရန်နိုင်ဦးသည် ဒီဇင်ဘာလ၂၅ရက်တွင် နံနက်၆နာရီမှ ညနေ၆နာရီအထိ တာဝန်ထမ်းဆောင်ပြီး ဆောက်လက်စတိုက်၏ အခန်းထဲတွင်ရှိနေစဉ် ည၁၀နာရီ၌ သူ၏သူငယ်ချင်းများဖြစ်သော စောထီဒိုဝါး(ခ) ကရင်နှင့် ဆလိုင်းအောင်ဆွေ(ခ)ဆလိုင်းတို့ ရောက်လာကာ အရက်အတူသောက်ရာမှ စကားများရန်ဖြစ်ကြသည်။ ထို့နောက် ကိုရန်နိုင်ဦးအိပ်ပျော်သွားစဉ် ကရင် က ချုပ်ပေးပြီး ဆလိုင်း က ဓါးမဖြင့်လည်ပင်းကို လှီးဖြတ်သတ်ဖြတ်ကာ ထွက်ပြေးသွားခဲ့သည်။

တရားခံနှစ်ဦးအား ဒီဇင်ဘာလ၂၆ရက် နံနက် ၃ ၂၀နာရီအချိန်တွင် ဖမ်းဆီးရမိပြီး တောင်ဥက္ကလာပရဲစခန်းမှ (ပ)၃၃၉/၂၀၂၄၊ ရာဇသတ်ကြီးပုဒ်မ၃၀၂ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)