ဂန့်ဂေါမြို့၊ အခြေခံပညာအထက်တန်းကျောင်း (ဂန့်ဂေါ) ၌ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းကျင်းပပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂန့်ဂေါမြို့၊ အခြေခံပညာအထက်တန်းကျောင်း (ဂန့်ဂေါ) ၌ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းကျင်းပပြုလုပ်




ဂန့်ဂေါ , ဒီဇင်ဘာ ၂၇


မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား/ ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေး၊ ဗလငါးတန်ပြည့်စုံ၍ အသိပညာဗဟုသုတများ ပြည့်ဝကာ စာပေဖတ်ရှုသည့်အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍  စာဖတ်ဝိုင်းကို အခြေခံပညာအထက်တန်းကျောင်း (ဂန့်ဂေါ) ရှိ “ ပုံညာခန်းမ ” ၌ ယမန်နေ့နံနက် (၁၀) နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ အခမ်းအနားတွင် ဂန့်ဂေါခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ယဉ်ယဉ်အေးက စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာဖတ်ဝိုင်းပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်နှင့် ကျောင်းသား/ကျောင်းသူများအနေဖြင့် ကျောင်းမှသင်ကြားပို့ချသည့် ကျောင်းစာများအပြင် ပြင်ပဗဟုသုတများ ရရှိစေမည့် သုတ/ ရသစာအုပ်စာပေများကိုပါ ဖတ်ရှု့လေ့လာရန်လိုအပ်ကြောင်းတို့ကို အသိပညာပေး ဟောပြောခဲ့သည်။


ထို့နောက် စာဖတ်ဝိုင်းကို ဆက်လက်ကျင်းပရာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သူဇာဝင်းက ဦးဆောင်၍ Grade-7၊ Grade-8 နှင့် Grade-9 မှ ကျောင်းသား /ကျောင်းသူ (၁၀) ဦးလျှင် တစ်ဖွဲ့စီဖြင့် အဖွဲ့ (၃) ဖွဲ့ခွဲ၍ စာရေးဆရာ Monica Lahtaw (Hkawawm) ၏ ‘ ဖွင့်ကြည့်လိုက်ပါ (တစ်ခုတော့ ကျန်ခဲ့မှာပါ) ’ အတွဲ(၂)စာအုပ်မှ “ လူသားဆန်ပါ ” ၊ “ အမြစ်ကောင်းကောင်းတွယ်ဖို့ လိုတယ် ” ၊  “ ကြင်နာမှုနဲ့ စိတ်ကောင်းစေတနာ ” နှင့် “ ကြိုးစားလုပ်ခြင်း၏ ရလဒ် ”  များကိုဖတ်ရှု့ကာ အသိပညာဗဟုသုတရရှိမှုများကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


အဆိုပါ စာဖတ်ရှိန်မြှင့်တင်ရေးစာဖတ်ဝိုင်းသို့ တာဝန်ခံမြို့နယ်ပညာရေးမှူး၊ ဦးရာထွန်းနှင့် ဆရာ/ ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်းနှင့် တက်ရောက်လာသူများအား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှထုတ်ဝေသည့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးလက်ကမ်း စာစောင်များကို ဖြန့်ဝေခဲ့ကြကြောင်း သတင်းရရှိသည်။


မောင်မျိုးမင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)