ကျိုင်းတုံ, ဒီဇင်ဘာ ၂၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော မြို့နှင့်စက်ရုံ/ အလုပ်ရုံများဖော်ဆောင်ရေး ဆုစိစစ်ရွေးချယ်ရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေး၍ အမှတ်ပေးခြင်း လုပ်ငန်းအား ယမန်နေ့က ကျိုင်းတုံမြို့၌ ဆောင်ရွက်သည်။
ကွင်းဆင်းစစ်ဆေးအမှတ်ပေးဆောင်ရွက်ရာတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော မြို့နှင့်စက်ရုံ/အလုပ်ရုံများဖော်ဆောင်ရေးဆု စိစစ်ရွေးချယ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဦးဇော်လွင်ဦး၊ အတွင်းရေးမှူး၊ တာချီလိတ်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးချမ်းမြေ့စိုးနှင့်အဖွဲ့ဝင်များသည် ကျိုင်းတုံမြို့အား ဆုရွေးချယ်ရေး သတ်မှတ်ထားသည့်အခြေခံစံနှုန်း၊ အညွှန်းကိန်းများ စိစစ်ရေးအခြေအနေများအား ကွင်းဆင်းကြည့်ရှု၍ အမှတ်ပေးခြင်းများ ဆောင်ရွက်ပြီး ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော မြို့နှင့်စက်ရုံ/အလုပ်ရုံများဖော်ဆောင်ရေး ဆုစိစစ်ရွေးချယ်ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်
https://t.me/MyanmarNationalPost
No comments:
Post a Comment