ဆင်ပေါင်ဝဲမြို့နယ် ကိုးပင်မူလတန်းကြိုကျောင်း၌ ကာယစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဆင်ပေါင်ဝဲမြို့နယ် ကိုးပင်မူလတန်းကြိုကျောင်း၌ ကာယစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ




ဆင်ပေါင်ဝဲ , ဒီဇင်ဘာ ၂၆


မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် ကိုးပင်ကျေးရွာ လူမှုဝန်ထမ်းဦးစီးဌာန၏ မူလတန်းကြိုကျောင်း၌ ကာယစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က အဆိုပါကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။


ထို့နောက် တက်ရောက်လာကြသော ကိုးပင်မူလတန်းကြိုကျောင်းမှ ဆရာ၊ ဆရာမများ၊ တာဝန်ရှိသူများနှင့် မိဘပြည်သူများအား မူလတန်းကြိုကျောင်း အကြီးတန်းနှင့် အငယ်တန်းတို့မှ သားငယ်၊ သမီးငယ်များက Waka Waka သီချင်းဖြင့်ဖျော်ဖြေပေးခဲ့ပြီး ခွက်ပေါ်ပိန်ပေါင်တင်၊ ဘိုလိမ်းခေါင်းတိုက်၊ ပူးပေါင်းညှပ်၊ ဖန်လုံးထည့်စသည့်ပြိုင်ပွဲများကို အသီးသီးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ ဆင်ပေါင်ဝဲမြို့နယ် ကိုးပင်ကျေးရွာ လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများတို့က ကြီးကြပ်ဆောင်ရွက်ခဲ့ကြသည်။


ဆက်လက်ပြီး ကာယစွမ်းရည်ပြိုင်ပွဲတွင် ဆုများရရှိသည့် ကိုးပင်မူလတန်းကြိုကျောင်းမှ သားငယ်၊ သမီးငယ်လေးများအား လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းများ၊ တာဝန်ရှိသူတို့က ဆုများပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။


ခန့်ဝင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)