၂၀၂၄၊ ဒီဇင်ဘာ ၁၆ ( တနင်္လာနေ့ )
၂၀၁၁ ခုနှစ် ကတည်းက ပိတ်သိမ်းသွားတဲ့ ကာတာသံရုံးကို ပြန်ဖွင့်ဖို့အတွက် မနေ့က ကာတာသံဝန်ထမ်းတွေ မြို့တော် ဒမတ်စကတ်ကို ရောက်လာကြပါပြီလို့ ကာတာနိုင်ငံခြားရေးဝန်ကြီးဌာက ထုတ်ပြန်ပါတယ်။
၂၀၁၁ ခုနှစ်တုန်းက အာဏာသိမ်း အာဆတ်အစိုးရကို တော်လှန်ရေးသမားတွေ က တော်လှန်ကြပြီဆိုပြီး ကာတာအစိုးရ ကျောထောက်နောက်ခံ အယ်လ်ဂျာဇီယာသတင်းဌာနရဲ့ သတင်းထုတ်ပြန်ချက်တွေအပေါ် အာဆတ်အစိုးရက ပြင်းပြင်းထန်ထန် တုံ့ပြန်တဲ့အတွက်ကြောင့် အဲ့ဒိအချိန်တုန်းက ဆီးရီးယားနိုင်ငံဆိုင်ရာ ကာတာသံအမတ်ကြီး ဇေယက်အယ်ခါရာရင်းက သံရုံးပိတ်ပြီး ကာတာနိုင်ငံကို ပြန်လာခဲ့ပါတယ်။
"ဆီးရီးယားမှာ အသွင်ကူးပြောင်းရေးအစိုးရနှင့် တွေ့ဆုံရာတွင် ကာတာသံကိုယ်စားလှယ်အဖွဲ့က ဆီးရီးယား ပြည်သူများ ၎င်းတို့၏ဆန္ဒများ အောင်မြင်စေရန်နဲ့ တော်လှန်ရေးအောင်မြင်ပြီးနောက် လုံခြုံရေး၊ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ သာယာဝပြောရေးတို့အတွက် ကာတာနိုင်ငံက အပြည့်အဝပံ့ပိုးပေးရန် ကတိကဝတ် ပြုထားပါတယ်”လို့ ကာတာနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ကာတာ သံကိုယ်စားလှယ်အဖွဲ့နှင့် ဆီးရီးယားအာဏာပိုင်အသစ်တို့က ကာတာလူသားချင်းစာနာ ထောက်ထားမှု အကူအညီများ စီးဆင်းမှုကို မြှင့်တင်ရန် နည်းလမ်းများနှင့် “ဤအရေးကြီးသောအဆင့် ကာလအတွင်း ဆီးရီးယားညီအစ်ကိုများ၏ လိုအပ်ချက်များ” ကို ဆွေးနွေးခဲ့ကြပါတယ်။
အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိကတို့ကို ဖြတ်ကျော်ကာ အာရပ်နွေဦးဟု ခေါ်သည့် ဆန္ဒပြမှုများနှင့် အုံကြွမှုများ အပြီး ၂၀၁၁ ခုနှစ်တွင် ဆီးရီးယား၌ စစ်ပွဲတစ်ခု ဖြစ်ပွားခဲ့သည်။ အနောက်နိုင်ငံတွေဖြစ်တဲ့ တူရကီ၊ အစ္စရေးနဲ့ ပင်လယ်ကွေ့နိုင်ငံတချို့က အာဆတ်ဆန့်ကျင်ရေးတပ်တွေကို ထောက်ခံနေချိန်မှာ ရုရှားနဲ့ အီရန်တို့က ဒမတ်စကတ်အစိုးရကို ကျောထောက်နောက်ခံပြုခဲ့ကြပါတယ်။ ၂၀၂၀ ခုနှစ်တွင် မော်စကိုနှင့် အန်ကာရာတို့က ကြားဝင်စေ့စပ်ထားသည့် အပစ်အခတ်ရပ်စဲရေးသည် လေးနှစ်နီးပါးကြာ ကြီးမားသောတိုက်ပွဲများကို အဆုံးသတ်ခဲ့ပါတယ်။
REF - RT
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment