ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အောင်ဗောဓိ‌‌စေတီတော်၌ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အောင်ဗောဓိ‌‌စေတီတော်၌ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ



ဒဂုံတောင် , ဒီဇင်ဘာ ၁၆


ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၂၀)ရပ်ကွက်တွင် တည်ထားကိုးကွယ်တော်မူသော အောင်ဗောဓိဆုတောင်းပြည့်စေတီတော်ကြီးတွင် နှစ်စဉ်လောင်းလှူမြဲဖြစ်သော ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယနေ့နံနက် ၇ နာရီက အဆိုပါစေတီတော်ရင်ပြင်၌ ကျင်းပခဲ့သည်။


ရှေးဦးစွာ အောင်ဗောဓိ‌စေတီတော် ထက်လင်းဓမ္မာရုံတွင် ဖိတ်ကြားထားသော ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဂေါပကအဖွဲ့ဝင်များ၊ မြို့နယ်နှင့်ရပ်ကွက် သာသနာ့နုဂ္ဂဟ အသင်းသားများ၊ လူမှုရေး၊ ဘာသာရေးအသင်းအဖွဲ့များ၊ အလှူရှင်များမှ မြို့နယ်ဩဝါဒစရိယဆရာ‌တော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်သံဃာတော်များက မေတ္တာသုတ်ပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့်သည်။


ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းလွင်က သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး စေတီတော်ဂေါပကဥက္ကဋ္ဌက ဆွမ်းဆန်စိမ်းလောင်းလှူဒါန်းမှုအစုစုအား ဖတ်ကြားလျှောက်ထား၍ ရေစက်သွန်းချအမျှ‌ပေးဝေကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုပိတ်သိမ်း၍ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ဆက်လက်ကျင်းပရာ  စေတီတော်ရင်ပြင်တစ်လျှောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းလွင်ဦးဆောင်သော ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ၊ လူမှုရေး၊ ဘာသာရေးအသင်းအဖွဲ့များ၊ အလှူရှင်များက ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်းရှိ ပရိယတ္တိ၊ ပဋိပတ္တိ၊ ပရိဝေဓ(၃)ရပ်သော သာသနာ့ဝန် ထမ်းဆောင်နေကြသည့် ဘုရားအမှူးရှိသော ပင့်သံဃာ(၂၆)ပါးတို့အား  ဆွမ်းဆန်စိမ်းနှင့် ဒါတဗ္ဗဝတ္တုအစုစုတို့ဖြင့် လောင်းလှူပူဇော်ကြကြောင်း သတင်းရရှိသည်။


သန်းသန်းအေး 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)