ဟန်ဂေရီဝန်ကြီးချုပ်ရဲ့ အပစ်ရပ်ရေး အဆိုကို ထရမ့်တို့အဖွဲ့က လေ့လာနေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဟန်ဂေရီဝန်ကြီးချုပ်ရဲ့ အပစ်ရပ်ရေး အဆိုကို ထရမ့်တို့အဖွဲ့က လေ့လာနေ


၂၀၂၄၊ ဒီဇင်ဘာ ၁၆ ( တနင်္လာနေ့ ) 

အမေရိကန် သမ္မတလောင်း ဒေါ်နယ်ထရမ့်က ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာအိုဘန် တင်သွင်းသော ခရစ္စမတ် အပစ်အခတ်ရပ်စဲရေးနှင့် ရုရှားနှင့် ယူကရိန်းကြား အကျဉ်းသားလဲလှယ်ရေး အဆိုပြုချက်ကို စိတ်ဝင်တစား ကြည့်ရှုလေ့လာနေတယ် လို့  ထရမ့်ရဲ့ အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် မိုက်ဝေါ့ဇ် က ပြောပါတယ်။

ပြီးခဲ့တဲ့ အပတ်က ထရမ့်အိမ်ကို အိုဘန်သွားရောက်လည်ပတ်စဉ် အဲဒီအပြစ်ရပ်ရေးနဲ့ အကျဉ်းသားလဲလှယ်မှု အစီအစဉ်ကို တင်ပြဆွေးနွေးခဲ့ပါတယ်။ အဲ့ဒိနောက် အိုဘန်က ရုရှားသမ္မတပူတင်နဲ့ ၁ နာရီကျော်ကြာ ဖုန်းဆက်စကားပြောဆိုမှုတွေ လုပ်ခဲ့ပါတယ်။ 

မိုက်ဝေါ့ဇ် ကတော့ “အိုဘန်က ရုရှား သမ္မတနဲ့ရော၊ ထရမ့်နဲ့ပါ ဆက်ဆံရေးကောင်းတွေ ရှိပါတယ်။ ကျနော်က တော့ သူ့ရဲ့ ကြိုးပမ်းအားထုတ်မှုက ကမ္ဘာကြီးမလိုလားတဲ့ သတ်ဖြတ်မှုတွေကို ရပ်တန့်ပေးနိုင်မယ်လို့ မျှော်လင့် နေပါတယ်။ ခက်တာက အိုဘန်ရဲ့ အဆိုပြုချက်အပေါ်မှာ ဘယ်သူတွေ အမြတ်ထုတ်သွားနိုင်သလဲဆိုတာကို ကျနော်တို့ တွက်ချက်နေကြတာပါ” လို့ လူသားကြိတ်စက်လို့ခေါ်တဲ့ဒွန်ဘားစ် စစ်မြေပြင်က ပြန်လာတဲ့ CBS သတင်းထောက် မာဂရက်ဘရန်နန်နဲ့ အင်တာဗျူးမှာ ပြောသွားပါတယ်။ 

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က အိုဘန်ရဲ့ ဆိုရှယ်မီဒီယာမှာ သူ့ရဲ့ အဆိုပြုချက်ကို ယူကရိန်းသမ္မတ ဇီလန်စကီးက လုံးဝပယ်ချက် ထားတယ်လို့ ရေးတင်ထားပါတယ်။ ဇီလန်စကီးကတော့ “အိုဘန်က ဥရောပသမဂ္ဂမှာ သူ့ရဲ့ ပုံရိပ်ကို မြှင့်တင်ချင်တာနဲ့ အဲ့လိုမျိုးတွေကို လုပ်နေတာပါ။ အီးယူက ကျနော်တို့ကို ထောက်ခံနေတာကို သွေးခွဲဖို့အတွက် ကြိုးစားနေတာပါ”လို့ တုံ့ပြန်ထားပါတယ်။ 

ထရမ့်ကတော့ သူ့ရဲ့မဲဆွယ်စည်းရုံးစဉ် ကာလတစ်လျှောက်မှာ သူသမ္မတဖြစ်တဲ့နေ့ ၂၄ နာရီအတွင်း ရုရှား- ယူကရိန်း ပဋိပက္ခကို ဖြေရှင်းပေးမယ်လို့ တောက်လျှောက်ပြောဆိုခဲ့ပါတယ်။ ဘယ်လို လုပ်မယ်ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မပြောပါဘူး။ သူ့စကားကို ရုရှား အစိုးရရော၊ ယူကရိန်း အစိုးရကပါ မယုံကြည်ကြပါဘူး။ 


REF - RT 

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)