အိုင်ယာလန်က အစ္စရေးသံရုံး လုံးဝကို ပိတ်လိုက်ရပြီ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အိုင်ယာလန်က အစ္စရေးသံရုံး လုံးဝကို ပိတ်လိုက်ရပြီ


၂၀၂၄၊ ဒီဇင်ဘာ ၁၆ ( တနင်္လာနေ့ ) 

ဂါဇာမှာ ပါလက်စတိုင်းတွေကို အစ္စရေးတွေက လူမျိုးတုံး သတ်ဖြတ်မှုတွေ လုပ်နေတယ်ဆိုတဲ့ စွတ်စွဲချက်နဲ့ အိုင်ယာလန်နိုင်ငံက ဂျူးလူမျိုးတွေအပေါ် နိုင်ငံရေးဆိုင်ရာ ဖိအားပေးမှုတွေကို အစွန်းရောက်တဲ့အထိ လုပ်လာတဲ့အတွက် အစ္စရေးက အိုင်ယာလန်မှာရှိတဲ့ အစ္စရေးသံရုံးကို ပိတ်ပြီး လုံးဝဖြတ်တောက်ပစ်လိုက်ပါတယ်။ 

မနေ့ကတော့ အစ္စရေးနိုင်ငံခြားရေး ဝန်ကြီးဌာနက အိုင်ယာလန်ရဲ့ အစွန်းရောက် အစ္စရေး ဆန့်ကျင်ရေးမူဝါဒ တွေကြောင့် သံရုံးကို ပိတ်လိုက်ရတာလို့ ထုတ်ပြန်ကြေညာပါတယ်။ “အိုင်ယာလန်က အစ္စရေးနဲ့ ပတ်သက် လာရင် အနီရောင်မျဉ်းကိုကျော်လိုက်တာပါပဲ။ သူတို့က အစ္စရေးနိုင်ငံကို တရားဝင်ကြောင်း အသိအမှတ် မပြုချင်တာရယ်၊ နတ်ဆိုးဝါဒတွေကို ကျင့်သုံးချင်တာတွေရယ် ဆိုတဲ့ စံနှုန်း ၂ထပ် သဘောတရားတွေကို ကိုင်ဆောင်ထားတယ်။ အဲ့ဒါကြောင့်ပါ။ ကျနော်တို့က ကျနော်တို့နိုင်ငံပေါ်ကို ထားတဲ့သဘောထား အတိုင်းလိုက်ပြီး ဆက်ဆံပါတယ် ။ ကမ္ဘာ့နိုင်ငံအသီးသီး မှာရှိတဲ့ ကျနော်တို့ရဲ့ရင်းနှီးမြုပ်နှံမှုတွေက ကျနော်တို့ကို ဆက်ဆံတဲ့အတိုင်း တုံ့ပြန်ဆောင်ရွက်တာပါ” လို့ အစ္စရေး နိုင်ငံခြားရေး ဝန်ကြီး ဂီဒီအွန်ဆာ က ပြောပါတယ်။

အိုင်ယာလန်ဝန်ကြီးချုပ် ဆိုင်မွန်ဟားရစ်ကတော့ “အစ္စရေးရဲ့ ဆုံးဖြတ်ချက်တွေကို တော်တော်စိတ်ပျက် မိပါတယ်။ နိုင်ငံတစ်နိုင်ငံနဲ့ တစ်နိုင်ငံ ဆက်ဆံရေးလမ်းကြောင်းတွေက မလွယ်ဘူးလေ။ သဘောထားခြင်း မတိုက်ဆိုင်ရင်တောင်မှ အဲ့ဒိချန်နယ်တွေကို ဖြတ်တောက်လိုက်လို့မရဘူး။ နားလည်မှု တည်ဆောက်ဖို့ဆိုတာက ချန်နယ်တွေရှိမှ တည်ဆောက်လို့ရတာလေ။ ဒါကို နားလည်ဖို့ကောင်းတာပေါ့။ ကျနော်တို့က ငြိမ်းချမ်းရေး ကို လိုလားတယ်။ လူ့အခွင့်အရေး နဲ့ နိုင်ငံတကာ ဥပဒေတွေကို လေးစားလိုက်နာပါတယ်” လို့ပြောသွားပါတယ်။ 

ဒက်ဘလင်အစိုးရက ဂါဇာတွင် ချက်ချင်းအပစ်အခတ်ရပ်စဲရန် တစိုက်မတ်မတ် တောင်းဆိုခဲ့ပြီး ၂၀၂၄ ခုနှစ် မေလတွင် ပါလက်စတိုင်း နိုင်ငံကို တရားဝင်အသိအမှတ်ပြုခဲ့တာကြောင့် အနောက်ဂျေရုဆလင်အစိုးရကို ဒေါသထွက်စေခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က တောင်အာဖရိကနိုင်ငံမှ အပြည်ပြည်ဆိုင်ရာ တရားရုံးသို့ တင်သွင်းခဲ့သော အစ္စရေးရဲ့လူမျိုးတုံးသတ်ဖြတ်မှုအမှုကို အိုင်ယာလန်အစိုးရက ကျောထောက်နောက်ခံ ပြုခဲ့ပါတယ်။

“ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးရဲ့ ရည်ရွယ်ချက်နဲ့ စစ်ရေးအရ အကျိုးသက်ရောက်မှုတွေကြောင့် ပါလက်စတိုင်းပြည်သူ ၄၄,၀၀၀ သေဆုံးပြီး သန်းနဲ့ချီတဲ့ အရပ်သားတွေကို အိုးအိမ်စွန့်ခွာ ထွက်ပြေးစေခဲ့ တယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပါလက်စတိုင်းပြည်သူတွေအတွက် စုပေါင်း ပြစ်ဒဏ်ချမှတ်ခဲ့တာပါ” လို့ အိုင်ယာလန်အစိုးရက ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု အပါအဝင် အကြီးတန်းအရာရှိများအတွက် နိုင်ငံတကာ ရာဇဝတ်တရားရုံး၏ ဖမ်းဝရမ်းကိုလည်း အစ္စရေးက ပယ်ချခဲ့ပါတယ်။


REF - RT  

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)