ဖျာပုံမြစ်ဝ အနောက်တောင်ဘက် ၂၅ မိုင်ခန့်အကွာတွင် သောင်တင်၍ ရေဝင်နစ်မြုပ်နေသော ငါးဖမ်းလှေတစ်စီးအား တပ်မတော် (ရေ) ကွပ်ကဲမှုအောက် စစ်ဆင်ရေးရေပြင်ဧရိယာအတွင်း တာဝန်ထမ်းဆောင်လျက်ရှိသည့် အမြန်သွားကင်းလှည့်ရေယာဉ်မှ ကူညီကယ်ဆယ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဖျာပုံမြစ်ဝ အနောက်တောင်ဘက် ၂၅ မိုင်ခန့်အကွာတွင် သောင်တင်၍ ရေဝင်နစ်မြုပ်နေသော ငါးဖမ်းလှေတစ်စီးအား တပ်မတော် (ရေ) ကွပ်ကဲမှုအောက် စစ်ဆင်ရေးရေပြင်ဧရိယာအတွင်း တာဝန်ထမ်းဆောင်လျက်ရှိသည့် အမြန်သွားကင်းလှည့်ရေယာဉ်မှ ကူညီကယ်ဆယ်



နေပြည်တော်၊ ဒီဇင်ဘာ ၂

တပ်မတော်(ရေ)ကွပ်ကဲမှုအောက် စစ်ဆင်ရေးရေပြင်ဧရိယာအတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော အမြန်သွားကင်းလှည့်ရေယာဉ်မှ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် နိုဝင်ဘာလ ၂၉ ရက် ည ၈ နာရီ ၁၅ မိနစ်ခန့်၌ ဖျာပုံမြစ်ဝအနောက်တောင်ဘက် ၂၅ မိုင်ခန့်အကွာတွင် ငါးဖမ်းလှေတစ်စီးသောင်တင်၍ ရေဝင်နစ်မြုပ်နေကြောင်း သတင်းရရှိသဖြင့် သွားရောက်ခဲ့ရာ ဖျာပုံမြို့မှ ရန်ကုန်သို့ထွက်ခွာလာသော မြမျိုးလွင် (၉) အမည်ရှိ လှေသား ၁၉ ဦးပါ ဒရွတ်ဆွဲငါးဖမ်းလှေသည် ရုတ်တရက်လှိုင်းလှေပြင်းထန်ကာ သောင်တင်မှုဖြစ်ခဲ့ခြင်းကြောင့် ရေယာဉ်ဝမ်းဗိုက်အတွင်း ရေဝင်မှုများဖြစ်ပေါ်ကာ လှေတစ်ဝက်မှာ နစ်မြုပ်နေသဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး ကယ်ဆယ်ရရှိသည့် လှေသားများအား စစ်ရေယာဉ်ပေါ်သို့ တင်ဆောင်၍ လိုအပ်သော ကျန်းမာရေးစစ်ဆေးကုသခြင်း၊ အဝတ်အထည်နှင့် အစားအသောက်များထောက်ပံ့ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့သည်။


အဆိုပါကယ်ဆယ်ရေးဆောင်ရွက်ထားသည့် ငါးဖမ်းလှေမှ လှေသားများအား နိုဝင်ဘာလ ၃၀ ရက် ည ၈ နာရီ ၁၀ မိနစ်ခန့်တွင် လှေပိုင်ရှင်ဖြစ်သူထံသို့ စနစ်တကျလွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)