မင်းကင်းမြို့နယ်အတွင်းမှ ပြည်သူ့စစ်ကျေးရွာများ ကို KIA/ PDF အကြမ်းဖက်သမားများက ဒရုန်းများ အသုံးပြု၍ တိုက်ခိုက်နေ - Myanmar National Post

Myanmar National Post

News Agency

Breaking

မင်းကင်းမြို့နယ်အတွင်းမှ ပြည်သူ့စစ်ကျေးရွာများ ကို KIA/ PDF အကြမ်းဖက်သမားများက ဒရုန်းများ အသုံးပြု၍ တိုက်ခိုက်နေ



မင်းကင်း၊ ဒီဇင်ဘာ ၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်အတွင်း KIA/PDF အကြမ်းဖက်အဖွဲ့များက ပြည်သူ့စစ်ကျေးရွာများကို ပစ်မှတ်ထားပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ ဒရုန်းများဖြင့် Drop Bomb ပစ်ချ တိုက်ခိုက်ခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

Drop Bomb ဖြင့် တိုက်ခိုက်ခံရသော ကျေးရွာများမှာ အင်ကြင်းတောင်ရွာ၊ ကံကျေးရွာ၊ တောင်ယာတောရွာ၊ ကျေးတောင်ဦးရွာ၊ တင်ဘက်ရွာ၊ တောင်အောက်ရွာများအပြင် မင်းကင်းမြို့ပေါ်အထိ ဒရုန်းဖြင့် တိုက်ခိုက်မှုများ လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း သိရသည်။

မင်းကင်းမြို့နယ် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအား အသုံးပြုခွင့်ပေးထားသည့် လက်နက်များတွင် အားနည်းချက်များ၊ ချို့ယွင်းမှုများ ရှိနေသဖြင့် အကြမ်းဖက်နှိမ်နင်းရေး၊ နယ်မြေရှင်းလင်းရေး ဆောင်ရွက်နိုင်ရန် ကောင်းမွန်သော လက်နက်များနှင့် ခဲယမ်းပြည့်စုံစွာ ပေးပို့ဆောင်ရွက်နိုင်ရန် ပြည်သူ့စစ်တပ်ဖွဲ့ဝင် တစ်ဦးက ဆက်သွယ်ပြောဆိုသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)