ဟင်္သာတမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်သည့် တောင်သူများနှင့် တွေ့ဆုံပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဟင်္သာတမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်သည့် တောင်သူများနှင့် တွေ့ဆုံပွဲအခမ်းအနားကျင်းပ








ပုသိမ်၊ ဒီဇင်ဘာ ၅

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယမန်နေ့က ဟင်္သာတမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်သည့် တောင်သူများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။

ဦးစွာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက ဆီထွက်သီးနှံများဖြစ်သော မြေပဲ၊ နှမ်း၊ နေကြာများ စိုက်ပျိုးရန်သတ်မှတ်ကာလအတွင်း စိုက်ပျိုးနိုင်မှုအခြေအနေ၊ မျိုးရရှိမှု၊ စိုက်ပျိုးရန်ရေရရှိမှုအခြေအနေ၊ မြေအခြေအနေများကို သိရှိ ပေါင်းစပ်ညှိနှိုင်းပေးရန်ဖြစ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးသည် မြေသယံဇာတကြွယ်ဝသောကြောင့် သီနှံမျိုးစုံ နွေ၊ မိုး၊ ဆောင်း စိုက်ပျိုးလျက်ရှိပါကြောင်း၊ ဆီဖူလုံရေးအတွက် ပဲပုတ်ဆီထုတ်လုပ်နိုင်ရေး တိုးချဲ့စိုက်ပျိုးရန်နှင့် ပဲပုတ်သည် စားသုံးဆီရရှိသည့်အပြင် ပဲပုတ်ဖတ်လို တိရစ္ဆာန်အစာ အသုံးပြုနိုင်သဖြင့် တိုးချဲ့စိုက်ပျိုးရန် လိုအပ်ကြောင်း၊ မိုးစပါးပျက်စီးဧက၃သိန်းကျော်ကိုလည်း ရာနှုန်းပြည့်ပြန်လည်စိုက်ပျိုးပြီးဖြစ်ကြောင်းနှင့် ဆီထွက်သီးနှံ ပန်းတိုင်အထွက်နှုန်းရရှိစေရေးနှင့် စိုက်ဧကများပြည့်မီစွာစိုက်ပျိုနိုင်ရေး ဆီးထွက်သီးနှံ အထူးဇုန်တာဝန်ခံများ၊ တိုင်းတာဝန်ခံများ၊ တောင်သူများမှ ဆီထွက်သီးနှံစိုက်ပျိုးရန် လိုအပ်သည့် မျိုး၊ ရေ၊ မြေအခြေအနေများ၊ စိုက်ပျိုးရန်အချိန်ကာလသင့်တော်မှု၊ အောင်မြင်ဖြစ်ထွန်မှုများကို ဆွေးနွေးပေးပါရန် အမှာစကားပြောကြားခဲ့သည်။

ထို့နောက် ဧရာဝတီတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဦးစီးမှူးက ဆီထွက်သီးနှံစိုက်ပျိုးထားရှိမှု၊ ပန်းတိုင်အထွက်နှုန်းရရှိနိုင်ရေးဆောင်ရွက်ထားရှိမှု၊ ၂၀၂၃- ၂၀၂၄ခုနှစ် ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှု၊ ၂၀၂၄ -၂၀၂၅ ဆီထွက်သီးနှံစိုက်ပျိုးမှု၊ ၂၀၂၄-၂၀၂၅မှ ၂၀၂၇-၂၀၂၈ခုနှစ်အထိ နှစ်အလိုက် နေကြာသီးနှံ တိုးချဲ့စိုက်ပျိုးမည့်အစီအမံများအား ဆွေးနွေးတင်ပြခြင်း၊ ဧရာဝတီ တိုင်းဒေသကြီးဆီထွက်သီးနှံအထူးဇုန်(၁) တာဝန်ခံ၊  ဧရာဝတီဆီထွက်သီးနှံအထူးဇုန်(၂) တာဝန်ခံတို့က ဆီထွက်သီးနှံအထူးဇုန်လုပ်ငန်း ဆောင်ရွက်မှု၊ အထွက်တိုးမျိုးကောင်းမျိုးသန့်များစုဆောင်းထားရှိမှု၊ သွင်းအားစုရရှိမှုအခြေအနေများ၊ အချိန်မီစိုက်ပျိုးနိုင်ရေးဆောင်ရွက်ထားရှိမှု၊ ပျားပုံးများစုဆောင်းထားရှိမှု၊ တောင်သူအသိပညာပေးဆောင်ရွက်ထားရှိမှုအခြေ အနေများအား ရှင်းလင်းတင်ပြခြင်း၊ ဆီစက်လုပ်ငန်းရှင်တစ်ဦးက ဆီကြိတ်ခွဲမှုအခြေအနေများ ဆွေးနွေးတင်ပြခဲ့ကြပြီး ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်က နိဂုံးချုပ် အမှာစကားပြောကြားခဲ့သည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)