ရန်ကုန်၊ ဒီဇင်ဘာ ၅
တရုတ်-မြန်မာ ကျေးလက်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုဆွေးနွေးပွဲကို ဒီဇင်ဘာလ ၃ ရက်နေ့တွင် ရန်ကုန်မြို့၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၊ မြန်မာနိုင်ငံ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ တရုတ်နိုင်ငံ ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (CFRD)နှင့် ဒေသတွင်းခရီးသွားလုပ်ငန်းမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး နှစ်နိုင်ငံကျေးလက်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှု အခြေအနေ၊ မူဝါဒအစီအမံများနှင့် ပူးပေါင်းဆောင်ရွက်ရေးအလားအလာများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။
မကြာသေးမီက မြန်မာနိုင်ငံ အစိုးရဌာနများ၊ လုပ်ငန်းအသင်းအဖွဲ့များနှင့် ကုမ္ပဏီ ကိုယ်စားလှယ်များက တရုတ်နိုင်ငံသို့သွားရောက်ပြီး ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းဖြင့် အရည်အသွေးမြင့်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်မှု စွမ်းရည်မြှင့်တင်ရေး မွမ်းမံသင်တန်း (ပေကျင်း၊ ကျဲ့ကျန်း)၊ တရုတ်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ခရီးသွားလာရေးကုန်စည်ပြပွဲ (ရှန်ဟိုင်း)၊ လန်းချန်း-မဲခေါင် ခရီးသွားမြို့များပူးပေါင်း ဆောင်ရွက်မှုမဟာမိတ် ကူးလူးဖလှယ်ရေးအခမ်းအနား (ချုံချင့်)၊ ချုံချင့် နိုင်ငံတကာ ခရီးသွားကိုယ်စားလှယ်ညီလာခံ (Chongqing International Travel Agent Conference) စသည့် အခမ်းအနားများကို တက်ရောက်ခဲ့ကြသည်။
တွေ့ဆုံဆွေးနွေးပွဲတွင် ကျေးလက်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးသည် ပြည်သူများ လူနေမှုဘဝ တိုးတက်ကောင်းမွန်လာစေရေး၊ စီးပွားရေးအင်အားများ တိုးများလာစေရေးနှင့် ကောင်းမွန်သော ရိုးရာယဉ်ကျေးမှုအား ထိန်းသိမ်းစောင့်ရှောက် လက်ဆင့်ကမ်းရေးတို့အတွက် အပြုသဘောဆောင်သော အကျိုးသက်ရောက်မှုကို အပြည့်အဝ အသိအမှတ်ပြုခဲ့ပြီး ဆွေးနွေးပွဲတက်ရောက်သော ကိုယ်စားလှယ်များက တရုတ်နိုင်ငံခရီးစဉ်တွင် တွေ့မြင်ကြုံတွေ့မှုများကို မျှဝေကာ တရုတ်-မြန်မာ ကျေးလက်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရေးအတွက် အကြံပြုချက်များ တင်ပြခဲ့ဆွေးနွေးခဲ့ကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment