မြစ်သား,ဒီဇင်ဘာ ၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် မြို့နယ်မီးသတ်ဦးစီးဌာနတွင် မီးသတ်ဝန်ထမ်းများ အရည်အချင်းပြည့်မီစေရန်နှင့် လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်နိုင်ရေးအတွက် ရည်ရွယ်၍ မီးသတ်ကျင့်ဝတ် ဖြေဆိုပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲပိုင်းအချိန်က မီးသတ်ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ မီးသတ်ကျင့်ဝတ် ဖြေဆိုပြိုင်ပွဲကို မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်မင်းကျော်က ဦးဆောင်ပြီး မီးသတ်ဝန်ထမ်းများဖြစ်သည့် အရာရှိအဆင့်(၂)ဦး၊ အကြပ်အဆင့်(၁၂)ဦး၊ တပ်သားအဆင့်(၅)ဦးတို့ ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။ ထိုသို့ မီးသတ်ကျင့်ဝတ်ဖြေဆိုပြိုင်ပွဲတွင် ရေးဖြေနှင့် နှုတ်ဖြေများ စစ်ဆေးဖြေဆိုရမည်ဖြစ်ကြောင်း မြို့နယ်မီသတ်ဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ဝါဝါမြင့်(မြစ်သား)
https://t.me/MyanmarNationalPost

No comments:
Post a Comment