ငါန်းဇွန်၊ ဒီဇင်ဘာ ၅
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်မှာ PDF အကြမ်းဖက်သမား အချင်းချင်း မိုင်းဆွဲတိုက်ခိုက်လို့ ၃ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဒီဇင်ဘာ ၂ ရက်ညနေပိုင်းမှာ ငါးန်းဇွန်မြို့ဘက်ကနေ ဆိုင်ကယ် ၅ စီးနဲ့လာတဲ့ PDFအကြမ်းဖက်သမား ၉ ဦးကို ငါန်းဇွန်ဒေသတွင်း အခြေပြုလှုပ်ရှားနေတဲ့ TGYR - Youth Guerrilla Counter Revolution - NZ (Local PDF) အကြမ်းဖက်အဖွဲ့က တောင်အောက်ရွာဆိုင်းဘုတ်အနီးမှာ မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
TGYR အကြမ်းအဖွဲ့ဝင်တစ်ဦး ကို တွေ့လို့ လက်ပြနှုတ်ဆက်ရင်းက မိုင်းဆွဲရုံတင်မဟုတ်ဘဲ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ၅လုံး ၁ ပွိုင့် ၂လုံး ၁ ပွိုင့်နဲ့ ဆွဲတာ၊ ပစ်ခတ်ပြီးတော့ ထွက်ပြေးသွားကြောင်း၊ ငါန်းဇွန်း အကြမ်းဖက်ခေါင်းဆောင် မင်းမော် ဆိုသူက ပြည်ဖျက်မီဒီယာတစ်ခုကို ဆက်သွယ်ပြောဆိုထားသည်။
အဆိုပါ တိုက်ခိုက်ခံရမှုတွင် ငါန်းဇွန်း အကြမ်းဖက်အဖွဲ့ဝင် ငတေ ၃၉ နှစ်၊ ဒေါင်းနီ ၂၃ နှစ်နဲ့ ၁၈ နှစ်အရွယ် အကြမ်းဖက်သမား ၁ ဦးတို့မှာ လက်၊ ခြေထောက်နဲ့ ဦးခေါင်းတွေမှာ မိုင်းစထိမှန်ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာရရှိသူထဲက ရဲဘော် ငတေ ကိုတော့ အခင်းဖြစ်ပြီးညပိုင်း ၁၀ နာရီလောက်မှ တိုက်ခိုက်ခံရတဲ့နေရာအနီး ပဲစင်းငုံခင်းအတွင်း ဒဏ်ရာတွေနဲ့ ရှာတွေ့ ခဲ့တာလို့ ဆိုပါတယ်။
ထိုသို့ ဖြစ်ပေါ်ခဲ့သည့် အခြေအနေနှင့် ပတ်သက်၍ အကြမ်းဖက်သမားများက NUG အကြမ်းဖက်အဖွဲ့ထံသို့ တိုင်ကြားမှုများ လုပ်ဆောင်ခဲ့သော်လည်း တိုင်ကြား၍ မရကြောင်း ပြောဆိုထားပါတယ်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment