တဲလ်အဗီး၊ ဒီဇင်ဘာ ၁၅
အစ္စရေးနိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးကျော်ကျော်မင်းသည် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်နေ့၌ ဗီယက်နမ်နိုင်ငံ သံအမတ်ကြီး H.E. Mr. Ly Duc Trung ၏ ဖိတ်ကြားချက် အရ တဲလ်အဗီးမြို့ရှိ Beit Amot Mishpat Tower တွင် ပြုလုပ်ခဲ့သည့် ၈၀ ပြည့်နှစ်မြောက် ဗီယက်နမ်ပြည်သူ့ တပ်မတော်ထူထောင်ခြင်း အထိမ်းအမှတ် အခမ်းအနားသို့ ပါဝင်တက်ရောက်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ တဲလ်အဗီးမြို့အခြေစိုက် နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးအကြီးအကဲများ၊ သံတမန်များ၊ စစ်သံမှူးများလည်း ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment