ဗီယက်နမ်နိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသည့် နိုင်ငံသား (၂) ဦးအား မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရန် ကူညီဆောင်ရွက်ပေးခဲ့ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဗီယက်နမ်နိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသည့် နိုင်ငံသား (၂) ဦးအား မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရန် ကူညီဆောင်ရွက်ပေးခဲ့



ဟနွိုင်း၊ ဒီဇင်ဘာ ၁၅

ဗီယက်နမ်နိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသူ ၂ ဦးဖြစ်သည့် မနွယ်နီဝင်းနှင့် မချစ်စုစုကျော်တို့အား အမိနိုင်ငံသို့ အမြန်ဆုံးပြန်လည်ပို့ဆောင်နိုင်ရေး အတွက် ဟနွိုင်းမြို့အခြေစိုက် မြန်မာသံရုံးသည် နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှုဖြင့် ဗီယက်နမ်နိုင်ငံ သက်ဆိုင်ရာအာဏာပိုင်များနှင့် ချိတ်ဆက်ညှိနှိုင်းဆောင်ရွက်၍ ၁၄-၁၂-၂၀၂၄ ရက်၊ ဒေသစံတော်ချိန် ၁၄ ၁၀ နာရီတွင် ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့ Noi Bai အပြည်ပြည် ဆိုင်ရာလေဆိပ်မှ နေပြည်တော်သို့ ပျံသန်းထွက်ခွာသည့် တပ်မတော်(လေ)မှ လေယာဉ်ဖြင့် ပြန်လည်ပို့ဆောင်ပေးခဲ့သည်။

မနွယ်နီဝင်းနှင့် မချစ်စုစုကျော်တို့သည် တရားမဝင် အလုပ်အကိုင်ပွဲစား၏ ချိတ်ဆက် ပေးမှုဖြင့် ဗီယက်နမ်နိုင်ငံသို့ ၁၆-၁၁-၂၀၂၄ ရက်တွင် ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး၊ ဗီယက်နမ်-တရုတ်နယ်စပ်ရှိ ဗီယက်နမ်ပြည်နယ်တစ်ခုဖြစ်သည့် Cao Bang ပြည်နယ်သို့ ပို့ဆောင် ချိန်တွင် မိုဘိုင်းဖုန်း၊ ငွေကြေးများကိုသိမ်းဆည်းပြီးနောက် ၎င်းတို့အား စွန့်ပစ်ခံခဲ့ရသည်။ သို့ဖြစ်ရာ ၎င်းတို့အနေဖြင့် အခက်အခဲကြုံတွေ့နေခဲ့ပြီး ယင်းဒေသရှိ ဗီယက်နမ်ရဲစခန်းမှ တစ်ဆင့် မြန်မာသံရုံးသို့ ၁၁-၁၂-၂၀၂၄ ရက်တွင် ဆက်သွယ် အကူအညီတောင်းခံလာသည်။ မြန်မာသံရုံးမှ တာဝန်ရှိပုဂ္ဂိလိုလ်များမှ အဆိုပါရဲတပ်ဖွဲ့ဝင်များနှင့် ညှိနှိုင်းဆောင်ရွက်ကာ မြန်မာသံရုံးသို့ ခေါ်ဆောင်၍ ၎င်းတို့ ခေတ္တနေထိုင် စားသောက်ရေးအတွက် စီစဉ်ဆောင်ရွက် ပေးကာ လိုအပ်သော ငွေကြေးထောက်ပံ့မှုများ ပြုလုပ်ပေးခဲ့သည်။ ယင်းနောက် မြန်မာ နိုင်ငံသို့ ချောမောစွာ ပြန်လည်ထွက်ခွာခွင့် ရရှိရေးအတွက် ဗီယက်နမ်နိုင်ငံ တာဝန်ရှိ အဖွဲ့အစည်းများနှင့်ဆောလျင်စွာ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ရာ နိုင်ငံတော်အစိုးရ၏ အစီအစဉ် ဖြင့် တပ်မတော်(လေ)လေယာဉ်ဖြင့် အမိမြေသို့ ပြန်လည်ထွက်ခွာနိုင်ခဲ့ခြင်း ဖြစ်သည်။ 

 နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာသံရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံးများ၏ ညှိနှိုင်းကူညီ ဆောင်ရွက်ပေးမှုမှတစ်ဆင့် ပြည်ပနိုင်ငံများ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား အစဉ်တစိုက် ကူညီစောင့်ရှောက်ပေးလျက်ရှိကြောင်း သိရှိရပါသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)