တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ချုံချင့်မြို့၌ ပထမအကြိမ် မြန်မာ-တရုတ်(ချုံချင့်) ယဉ်ကျေးမှု ဖလှယ်ပွဲကျင်းပပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ချုံချင့်မြို့၌ ပထမအကြိမ် မြန်မာ-တရုတ်(ချုံချင့်) ယဉ်ကျေးမှု ဖလှယ်ပွဲကျင်းပပြုလုပ်












ချုံချင့်၊ ဒီဇင်ဘာ ၁၅

မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချုံချင့်မြို့နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ချုံချင့်မြူနီစီပယ် မြို့၊ ယွီကျုံးခရိုင်အစိုးရ တို့ပူးပေါင်း၍ “ အနုပညာဖြင့် ပေါင်းစည်းဆက်သွယ်- မြန်မာပြည်မှ ချုံချင့်သို့” ခေါင်းစဉ်ဖြင့် ပထမအကြိမ် မြန်မာ-တရုတ်(ချုံချင့်) ယဉ်ကျေးမှုဖလှယ်ပွဲအား ၁၄-၁၂-၂၀၂၄ ရက်တွင် ချုံချင့်မြို့ရှိ အနုပညာပြဇာတ်ရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။ 

အခမ်းအနား၌ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချုံချင့်မြို့ ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းနှင့် ယွီကျုံးခရိုင် ဒုတိယမြို့တော်ဝန် Mr. Lai Liang တို့က အဖွင့်မိန့်ခွန်းပြောကြားခဲ့ကြပြီး၊ ချုံချင့်မြူနီစီပယ်မြို့၊ စီးပွားရေးရာကော်မရှင် ညွှန်ကြားရေးမှူးချုပ် Mr. Zhang Yongwu ၊ ချုံချင့်နိုင်ငံခြားရေးရာဌာန၊ ယွီကျုံးနိုင်ငံခြာရေးရာဌာန၊ ချုံချင့်ယွီကျုံးခရီးသွားလုပ်ငန်းနှင့်ယဉ်ကျေးမှုကော်မတီနှင့် အခြား အစိုးရဌာနများမှ ကိုယ်စားလှယ်များနှင့် ပြည်ပကောင်စစ်ဝန်ချုပ်ရုံးမှ ကိုယ်စားလှယ်များ တက် ရောက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် မြန်မာနိုင်ငံ၊ ဇာတ်သဘင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဖိုးချစ် ဦးဆောင် သည့် မြန်မာ့သဘင်ပညာရှင် ၂၁ ဦးမှ မြန်မာ့ရိုးရာယဉ်ကျေးမှုအနုပညာများဖြစ်သည့် မြန်မာ့ ရိုးရာရုပ်သေးအက၊ နှစ်ပါးသွားအက၊ မြန်မာ့ကျောက်ဆည်ဆင်အက၊ ကျေးလက်အက၊ ဖျာပုံ နန်တွင်းရာမယနဇာတ်နှင့် မြန်မာ့ရိုးရာအတာသင်္ကြန်အကတို့ကို မြန်မာ့တူရိယာဆိုင်းဝိုင်းနှင့် အတူ ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး၊ တရုတ်ယဉ်ကျေးမှုအဖွဲ့မှလည်း ပါဝင်ဖျော်ဖြေခဲ့ကြကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)