၂၀၂၄၊ ဒီဇင်ဘာ ၁၅ ( တနင်္ဂနွေနေ့ )
တိုင်းပြည်တွင်းလိုအပ်နေတဲ့စွမ်းအင်ကို ရုရှားဂတ်စ်ကနေ ရရှိနေတာဖြစ်လို့ အဲဒီနေရာမှာ ပိုပြီးဈေးကြီးတဲ့ အခြားစွမ်းအင် ထုတ်လုပ်မှုလုပ်ငန်းတွေကို လုပ်ဖို့အတွက်အီးယူက ဖိအားပေးနေမှုတွေအပေါ်ကို လုံးဝလက်မခံနိုင်ဘူးလို့ စလိုဗက်ကီးယား ဝန်ကြီးချုပ် ရောဘတ်ဖီကို က ပြောသွားပါတယ်။
ယူကရိန်းကို ဖြတ်ပြီး အနောက်နိုင်ငံတွေကို ပို့နေတဲ့ ရုရှားဂတ်စ်တင်ပို့မှုက ဒီနှစ်အကုန်မှာ သက်တမ်းကုန်တော့ မှာပါ။ သောကြာနေ့က အင်တာဗျူးမှာ ဖီကိုက “လာမယ့်နှစ် ရုရှားဂတ်စ်တင်ပို့မှုက ကျနော်တို့အတွက် အလွန်ကျပ်တည်းတဲ့ အခြေအနေထံကို ရောက်နေတယ်။ ကျနော်တို့အတွက် ချောက်ချားစရာကြီးဖြစ်နေတယ်။ ယူကရိန်းဘက်က သူတို့နိုင်ငံကိုဖြတ်လာတဲ့ ရုရှား ဂတ်စ်တင်ပို့မှုကို လုံးဝပိတ်ပစ်မယ်လို့ ပြောလာတယ်။ ယူကရိန်းစွမ်းအင်ဝန်ကြီးက ပြောတာနော်။ ယူကရိန်းကိုဖြတ်ပြီး ကျနော်တို့ရယ်၊ မော်လ်ဒိုဗာ၊ ရိုမေးနီးယား၊ ပိုလန် နဲ့ ဟန်ဂေရီတို့က ပိုက်လိုင်းကွန်ယက်စနစ်ကို သုံးပြီးယူထားရတာ။ လက်ရှိအနေအထားမှာ အီးယူကိုယ်တိုင်က အဲဒီပိုက်လိုင်းကွန်ယက်စနစ်ကနေ ဂတ်စ် ၅ % ယူထားရတာ။ အဲ့တော့ ဘယ်လိုလုပ်ကြမလဲ။ ယူကရိန်း က သူတို့သဘောနဲ့ သူတို့ ပိုက်လိုင်းတွေကို ပိတ်ကြမှာ” လို့ ဆိုပါတယ်။
ဖီကိုရဲ့ မှတ်ချက်ထဲမှာ စွမ်းအင်ရယူဖို့ကိစ္စမှာ အခြားနည်းတွေက ရုရှားဂတ်စ်ထက်ပိုဈေးကြီးနေတယ်လို့ ဆိုပါတယ်။ “ကျွန်တော်တို့ ဒါကို ငြင်းပါတယ်။ ပထဝီနိုင်ငံရေးအရ ဂတ်စ်နဲ့ပတ်သက်တဲ့ကိစ္စမှာ လိုအပ်တာထက်ပိုပြီး ပိုက်ဆံအကုန်ခံစရာ အကြောင်းပြချက်မရှိဘူး” လို့ စလိုဗက် ဝန်ကြီးချုပ်က ပြောကြားပြီး “တိုင်ပြည်အတွင်းမှာ အဆင့်အမျိုးမျိုးနဲ့ ဒေသအသီးသီးမှာ အပြင်းအထန် စေ့စပ်ညှိနှိုင်းမှုများ လုပ်သွားမယ်။ ပိတ်ရက်တောင် မနားကြေး” လို့လည်း ဆိုပါတယ်။
ယူကရိန်းမှတဆင့် စလိုဗက်ကီးယားသို့ ဂတ်စ်များ စီးဆင်းနေစေရန် ဖြေရှင်းချက်တစ်ခု ရှာတွေ့နိုင်မယ်လို့လည်း ယုံကြည်ကြောင်း၊ ယခုနှစ် ယူကရိန်း ပဋိပက္ခ အရှိန်မြင့်လာပြီးနောက် ရုရှားစွမ်းအင် ထောက်ပံ့မှုအပေါ် မှီခိုနေရမှုကို အဆုံးသတ်ရန် အီးယူက ၎င်း၏ ရည်ရွယ်ချက်ကို ကြေညာခဲ့ကြောင်း၊ သို့သော် ကုန်ကျစရိတ် မြင့်မားသော အမေရိကန် လောင်စာများ ထောက်ပံ့မှုသည် ရုရှားမှ ပေးနေသည့် ဈေးပေါသော ပိုက်လိုင်းဂတ်စ် အစားထိုးဖို့ မလွယ်ကြောင်း ၎င်းက ပြောဆိုသွားပါတယ်။
REF - RT
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment