ဒုတိယဝန်ကြီး ဦးဝင်းရှိန် လှိုင်သာယာစက်မှုဇုန်နှင့် ရွှေပြည်သာစက်မှုဇုန်တို့တွင် အလုပ်ရှင်၊ အလုပ်သမားများနှင့် တွေ့ဆုံ၍ အထည်ချုပ်စက်ရုံများသို့ ကွင်းဆင်းအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒုတိယဝန်ကြီး ဦးဝင်းရှိန် လှိုင်သာယာစက်မှုဇုန်နှင့် ရွှေပြည်သာစက်မှုဇုန်တို့တွင် အလုပ်ရှင်၊ အလုပ်သမားများနှင့် တွေ့ဆုံ၍ အထည်ချုပ်စက်ရုံများသို့ ကွင်းဆင်းအားပေး


ရန်ကုန်၊ ဒီဇင်ဘာ ၁၀

အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာစက်မှုဇုန် ကနောင်ခန်းမ၌ စက်ရုံ၊ အလုပ်ရုံများမှ အလုပ်ရှင်၊ အလုပ်သမားများနှင့် တွေ့ဆုံ၍ လုပ်ငန်းခွင်တည်ငြိမ်အေးချမ်းရေး၊ ကုန်ထုတ်စွမ်းအား တိုးတက်စေရေး ရှင်းလင်းမှာကြားသည်။

ထို့နောက် မြစိမ်းရောင်စက်မှုဇုန်ရှိ Charis Co.,Ltd. ပန်းပုစက်ရုံသို့ သွားရောက်ကာ စက်ရုံ အစည်းအဝေးခန်းမ၌ စက်ရုံတာဝန်ခံ၊ မန်နေဂျာ၊ ကြီးကြပ်ရေးမှူးများနှင့် စက်ရုံအလုပ်သမားအဖွဲ့ အစည်းဝင်များ၊ လုပ်ငန်းခွင်ညှိနှိုင်းရေးကော်မတီဝင်များ၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးတာဝန်ခံများအား တွေ့ဆုံ၍ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းပေးပြီး စက်ရုံအတွင်း လှည့်လည်ကြည့်ရှု၍ လုပ်သားများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးသည်။

မွန်းလွဲပိုင်းတွင် ရွှေပြည်သာစက်မှုဇုန်ရှိ ကနောင်ခန်းမ၌ အလုပ်သမားရေးရာကိစ္စများနှင့် စပ်လျဉ်း၍ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပြီး ဝါးတရာစက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံများဖြစ်သော GTIG HUBO Co.,Ltd. ၊ Wellform Myanmar Co.,Ltd. နှင့် Sheng Mei Garnment Co.,Ltd. တို့သို့ ရောက်ရှိ၍ စက်ရုံအစည်းအဝေးခန်းမ၌ စက်ရုံတာဝန်ခံများ၊ မန်နေဂျာများ၊ ကြီးကြပ်ရေးမှူးများနှင့် စက်ရုံအလုပ်သမားအဖွဲ့အစည်းဝင်များ၊ လုပ်ငန်းခွင်ညှိနှိုင်း ရေးကော်မတီဝင်များ၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးတာဝန်ခံများအား တွေ့ဆုံသည်။

တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက အလုပ်သမားရေးရာကိစ္စနှင့်စပ်လျဉ်း၍ ဝန်ကြီးဌာနရှိ ဦးစီးဌာန၊ အဖွဲ့များသို့ အချိန်မရွေးဆက်သွယ်နိုင်ကြောင်း၊ အလုပ်ရှင်နှင့် အလုပ်သမားများဆောင်ရန်၊ ရှောင်ရန် အချက်များကို သိရှိထားရန်လိုပြီး အလုပ်သမား ရေးရာဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ လုပ်သားများကို ကြီးကြပ်သူများက အထက်အောက်မျှတစွာ စီမံအုပ်ချုပ်ရန်နှင့် အလုပ်ရှင်၊ အလုပ်သမား နွေးထွေးသည့်ဆက်ဆံမှုသည် စက်ရုံ၊ အလုပ်ရုံ၏ပုံရိပ်ကို များစွာသက်ရောက်မှုရှိစေနိုင်ရန် မှာကြားခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)