၂၀၂၄၊ ဒီဇင်ဘာ ၁၀
၂၀၁၅ ခုနှစ်က ကုလသမဂ္ဂရဲ့ လုပ်ပိုင်ခွင့်အောက်မှာဖွဲ့စည်းတည်ထောင်ထားတဲ့ ဆီးရီးယား စေ့စပ်ညှိနှိုင်းရေး ကော်မရှင် SNC ရဲ့ ဥက္ကဋ္ဌ အန်နာအယ်အာဘ်ဒါ က ယခုကဲသို့ ပြောင်းလဲသွားတဲ့ အခြေအနေမျိုးမှာ ဆီးရီးယား-ရုရှား ၂ နိုင်ငံဆက်ဆံရေးနဲ့ပတ်သက်ပြီး အပြန်အလှန်လေးစားမှုနဲ့ အကျိုးစီးပွားကို ရှေးရှုကာ အထူးအလေးထား ဆက်ဆံသွားမယ် လို့ ဆိုလိုက်ပါတယ်။ SNC ကို အာဆက်အစိုးရ အတိုက်အခံများနဲ့ ဖွဲ့စည်းခဲ့ပါတယ်။
တနင်္ဂနွေနေ့က အယ်ကိုင်ဒါ တပ်မှူးတစ်ဦးခေါင်းဆောင်တဲ့ HTS ဂျီဟတ်အဖွဲ့ ရယ်၊ အမေရိကန်ကျောထောက် နောက်ခံထားတဲ့ FSA (လွတ်လပ်သော ဆီးရီးယား စစ်တပ်) တိုက်ခိုက်ရေး သမားတွေ အပါအဝင် လက်နက်ကိုင် အဖွဲ့များက မြို့တော် ဒမတ်စကတ်ကို ထိန်းချုပ်နိုင်ခဲ့ပြီး တိုင်းပြည်တွင်း ပြုပြင်ပြောင်းလဲမှုတွေကို လျှင်မြန်စွာ လုပ်ကိုင်နေပါတယ်။ ဆီးရီးယားစစ်တပ်က နောက်ဆုတ်သွားပြီး သမ္မတ ဘာရှာအာဆက်ကတော့ ရုရှားနိုင်ငံမှာ နိုင်ငံရေး ခိုလှုံခွင့် တောင်းခံသွားပါပြီ။
တော်လှန်ရေးကာလအတွင်းမှာ ရုရှားနိုင်ငံက သမ္မတ အာဆက်ကို ထောက်ခံခဲ့ပြီး အတိုက်အခံ အင်အားစုတွေကို နှိမ်နင်းရာမှာ စစ်ရေးအရ အကူအညီပေးခဲ့ပေမဲ့ လက်ရှိ အတိုက်အင်အားစု အာကောင်းလာချိန်မှာ ရုရှားနိုင်ငံ အပေါ် အတိုက်အခံတွေအနေနဲ့ ဘယ်လို သဘောထားမယ်ဆိုတာကို ရုရှား တူဒေးက SNC အဖွဲ့အား မေးမြန်းခဲ့ပါတယ်။
"နှစ်နိုင်ငံ အကျိုးစီးပွားနဲ့ အပြန်အလှန်လေးစားမှုကို အခြေခံပြီး ရုရှားနိုင်ငံကို အထူး အလေးထားပြီး ဆက်ဆံ သွားမှာပါ။ ဒါကအရေးကြီးပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ လက်ရှိအခြေအနေမှာ ဆီးရီးယာက ကမ္ဘာ့ ဘယ်နိုင်ငံမဆိုရဲ့ အကူအညီကို လိုအပ်နေပါတယ်။ တိုင်းပြည်ရဲ့ လူဦးရေ တစ်ဝက်ကျော်က ဒုက္ခသည်တွေ ဖြစ်နေတယ်။ ဟုမ်းမြို့ ဆိုရင် တစ်မြို့လုံးနီးပါးပျက်စီးသွားပါပြီ။ တစ်တိုင်းပြည်လုံးမှာရှိတဲ့ အခြေခံ အဆောက်အအုံတွေ အားလုံးနီးပါး ပြန်လည်တည်ဆောက်ရမှာပါ။ မိတ်ဆွေတွေ တိုးနိုင်သလောက်တိုးအောင် လုပ်ပြီး ရန်သူတွေ နည်းနိုင်သလောက် နည်းအောင် လုပ်ရမှာပါ။ ဘာပဲဖြစ်ဖြစ် ရုရှား ဒေသတွင်းမှာရော၊ နိုင်ငံတကာ စာမျက်နှာမှာပါ အရေးပါတဲ့ ပလေယာနိုင်ငံတစ်ခုပါ" လို့ ဆိုပါတယ်။
ဆီးရီးယားရှိ အာဆတ်အစိုးရကို ဖြုတ်ချခဲ့သည့် စစ်သွေးကြွအုပ်စုများသည် နိုင်ငံအတွင်း ရုရှား၏ စစ်ရေးတပ်ဆင်မှုများနှင့် သံတမန်တာဝန်များကို လေးစားလိုက်နာရန် ကတိပြုခဲ့ကြောင်း ကရင်မလင် သတင်းရင်းမြစ်တစ်ခုက TASS သတင်းဌာ သို့ တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။
ရုရှားစစ်တပ်သည် ဆီးရီးယားတွင် Khmeimim လေတပ်စခန်း၊ မြေထဲပင်လယ်ကမ်းရိုးတန်းတစ်လျှောက် နှင့် နိုင်ငံအနောက်ဘက်ခြမ်းရှိ Tartus ရှိ ထောက်ပံ့ရေးစင်တာတစ်ခုတွင် ရှိနေသည်။ ၂၀၁၇ခုနှစ်တွင် မော်စကိုနှင့် ဒမတ်စကတ် တို့သည် အဆိုပါအခြေစိုက်စခန်းများတွင် ရုရှားတပ်များကို ၄၉ နှစ်ကြာတပ်စွဲထားရန် သဘောတူညီခဲ့ကြသည်။
REF - RT
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment