ရန်ကုန်၊ ဒီဇင်ဘာ ၁၂
၂၀၂၄-၂၀၂၅ ပညာသင်နှစ် သင်္ကန်းကျွန်းပညာရေးဒီဂရီကောလိပ် မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို ၁၀-၁၂-၂၀၂၄ ရက်နေ့က အဆိုပါကောလိပ် ပညာနေခြည်ခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားကို ကျောင်းသား၊ ကျောင်းသူများက “ပညာပန်းတို့လန်းရာမြေ” သီချင်းဖြင့် စတင်ဖျော်ဖြေပေးခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ သင်္ကန်းကျွန်းပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီး ဒေါက်တာငြိမ်းသီအောင်က အမှာစကားပြောကြားပေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက “ချင်းတောင်တန်းမှ ကြိုဆိုပါ၏၊ တူနှစ်သွယ်၊ မနောမြေမှ တေးသံသာ၊ အနာဂတ်မြန်မာ......သို့” သီချင်းများဖြင့် ကပြဖျော်ဖြေပေးခဲ့ပြီး ဝန်ကြီးချုပ်က ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ကာ အခမ်းအနားကို ပိတ်သိမ်းခဲ့သည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၆၀၀)ဦးခန့် တက်ရောက်ခဲ့ပြီး ယခုနှစ်သင်တန်းတွင် ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ ရခိုင်ပြည်နယ်၊ မန္တလေးတိုင်းနှင့် နေပြည်တော်ကောင်စီနယ်မြေတို့မှ ပထမနှစ်ကျောင်းသား(၁၀)ဦးနှင့် ကျောင်းသူ(၁၄၄)ဦး စုစုပေါင်း (၁၅၄)ဦး တက်ရောက်ပညာသင်ကြားခွင့် ရရှိခဲ့ကြောင်း သိရသည်။
သူရိန်
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment