ရွာငံမြို့နယ်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)သို့ တရားမဝင်သယ်ဆောင်မည့် ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၂ တန်ခန့် ဖမ်းဆီးရမိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ရွာငံမြို့နယ်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)သို့ တရားမဝင်သယ်ဆောင်မည့် ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၂ တန်ခန့် ဖမ်းဆီးရမိ



နေပြည်တော်၊ ဒီဇင်ဘာ ၁၁

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ သည် ဒီဇင်ဘာလ ၃ ရက်နေ့ ညနေ ၅ နာရီအချိန် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရွာငံမြို့နယ်၊ မြို့ကြီးကျေးရွာ အနီးတွင် သိန်းထိုက်အောင် မောင်းနှင်သည့် ISUZU ၁၂ ဘီး မော်တော်ယာဉ်နှင့် ကျော်ဝင်း မောင်းနှင်သည့် FUSO ၁၂ ဘီး မော်တော်ယာဉ်တို့ကို သတင်းအရရှာဖွေရာ အဆိုပါယာဉ် ၂ စီး ပေါ်တွင် နွားချေးမြေဩဇာများဖြင့် ဖုံးအုပ်သယ်ဆောင်လာသည့် ထိန်းချုပ်ဓာတုပစ္စည်းကဖင်း ၂ တန်ခန့် သိမ်းဆည်းရမိခဲ့သည်။

စစ်ဆေးဖော်ထုတ်ချက်အရ ကဖင်းများတရားမဝင် သယ်ဆောင် ရောင်းဝယ်ရာတွင်ပါဝင်သူ နေအောင် အား ဒီဇင်ဘာလ ၄ ရက်နေ့တွင် ပုသိမ်ကြီးမြို့နယ်၊ နားဋောင်းကျကျေးရွာ၌ ဖမ်းဆီးရမိခဲ့ပြီး ကဖင်းများအား မန္တလေးမှ ရှမ်းပြည်နယ်(မြောက်ပိုင်း)သို့ သယ်ဆောင်ခိုင်းသူ အိုက်စိုးပေါက်(ခ)စိုင်းထွန်းထွန်း နှင့် ရင်အောင်သူ တို့အား ရွာငံမြို့နယ်၊ မြို့ကြီးကျေးရွာအနီးတွင် FORD RANGER မော်တော်ယာဉ် တစ်စီးနှင့်လည်းကောင်း၊ ချမ်းမြသာစည် မြို့နယ်ရှိ ရင်အောင်သူ ၏နေအိမ်မှ TOYOTA LANDCRUISER မော်တော်ယာဉ်တစ်စီးအား လည်းကောင်း၊ ပူးပေါင်းပါဝင်သူများဖြစ်သည့် အောင်စိုးလင်း(ခ) အောင်အောင် အား အမရပူရမြို့ နယ်တွင်လည်းကောင်း၊ စိုင်းသီဟငယ်(ခ)သီဟ(ခ)မောက်ဆိုင် အား ပုသိမ်ကြီးမြို့နယ် တွင်လည်းကောင်း၊ ဒီဇင်ဘာလ ၆ ရက်နေ့တွင် မန္တလေးမှ ကဖင်းအိတ်များ သယ်ဆောင်ခဲ့သူ စိုင်းနေမင်းထွန်း အား အောင်မြေသာစံမြို့နယ်တွင် ကဖင်းများသယ်ဆောင်ပေးခဲ့သည့် PRADO မော်တော်ယာဉ်တစ်စီးနှင့်လည်းကောင်း၊ မန္တလေးမြို့၌ ကဖင်းအိတ်များသိုလှောင်ပေးခဲ့သည့် ဂိုဒေါင်ပိုင်ရှင် ချစ်စိန် အား မဟာအောင်မြေမြို့နယ်တွင်လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့သည်။

၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား စစ်ဆေးဖော်ထုတ် လျက်ရှိကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိခဲ့သည့် ထိန်းချုပ်ဓာတုပစ္စည်းကဖင်း များအား မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်နေ ယုံကော ၏ အစီအမံဖြင့် မန္တလေးတိုင်းဒေသကြီးမှ တစ်ဆင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)သို့ တရားမဝင်သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ပြီး နိုင်ငံတကာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အေဂျင်စီများ၏ သုတေသနပြုသတင်းဖလှယ်ချက်များအရ ကဖင်း တစ်တန်အား အခြားဓာတုပစ္စည်းများနှင့်ရောစပ်၍ စိတ်ကြွရူးသွပ်ဆေးပြား ထုတ်လုပ်မည်ဆိုပါက ဆေးပြား ၁၄ သန်းခန့် ထုတ်လုပ်နိုင်ကြောင်းသိရှိရပြီး မြန်မာနိုင်ငံတွင် ၂၀၂၄ ခုနှစ်အတွင်း နယ်စပ်ဒေသများမှတစ်ဆင့် တရားမဝင်တင်သွင်းခဲ့သည့် ထိန်းချုပ်ဓာတုပစ္စည်းကဖင်း ၂၄ တန်ကျော် ဖမ်းဆီး အရေးယူထားရှိသဖြင့် စိတ်ကြွရူးသွပ်ဆေးပြား ၃၃၆ သန်းကျော် ထုတ်လုပ်ခြင်းကို တားဆီးကာကွယ် နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)