ရုရှားပိုက်ဆံတွေကို ယူကရိန်းကို လွှဲမယ်ဆိုရင် တာဝန်မယူနိုင်ဘူးလို့ ယူရိုကလီးယား က ဆို - Myanmar National Post

Myanmar National Post

News Agency

Breaking

ရုရှားပိုက်ဆံတွေကို ယူကရိန်းကို လွှဲမယ်ဆိုရင် တာဝန်မယူနိုင်ဘူးလို့ ယူရိုကလီးယား က ဆို


၂၀၂၄၊ ဒီဇင်ဘာ ၁၁ ( ဗုဒ္ဓဟူးနေ့ ) 

ဥရောပ တစ်ဝှမ်းမှာ ရှိတဲ့ ရုရှားသူဌေးတွေရဲ့ ပိုင်ဆိုင်မှုတွေကို ဥရောပ နိုင်ငံအသီးသီးက သိမ်းယူပြီး ဘယ်လ်ဂျီယံက ယူရိုကလီးယားဘဏ်မှာ ထိန်းသိမ်းထားသည်ဖြစ်ရာ အီးယူက အဲ့ဒိပိုင်ဆိုင်မှုတွေက ရတဲ့ပိုက်ဆံတွေကို ယူကရိန်းကို လွှဲပေးမယ်လို့ အသံတွေ ထွက်လာနေတာနဲ့ ပတ်သက်ပြီး ယူရိုကလီးယားက လုံးဝ တာဝန်ယူမှာ မဟုတ်ကြောင်း ဆိုလိုက်ပါတယ်။ 

ယူကရိန်း- ရုရှားပဋိပက္ခ စဖြစ်ပြီးနောက် ဥရောပနိုင်ငံတွေရှိ ရုရှားသူဌေးတွေရဲ့ပိုင်ဆိုင်မှုကို သိမ်းယူပြီး ယူရိုကလီးယား သို့ အပ်နှံထားသော ငွေကြေးပမာဏမှာ ကန်ဒေါ်လာ ၂၁၃ ဘီလီယံ ရှိပါတယ်။ ယခုဘဏ္ဍာရေး နှစ်ရဲ့ ပထမ ၃ လပတ်မှာ အတိုးငွေ ၅.၁၅ ဘီလီယံ ရရှိနေပြီဖြစ်ပါတယ်။ ဒီနှစ် အစောပိုင်း အီယူအဖွဲ့ဝင် နိုင်ငံများက ရရှိလာတဲ့ အတိုးငွေများကို ယူကရိန်းသို့ လွှဲပြောင်းပေးအပ်ရန်အတွက် ဆုံးဖြတ်ချက် ချခဲ့ပေမဲ့ အဲ့ဒိကိစ္စက ရုရှား ဆီက ခိုးသလိုဖြစ်နေတဲ့ အတွက်ကြောင့် ဆုံးဖြတ်ချက် ကို အတည်မပြု နိုင်ခဲ့ပါ။ 

Euroclear အမှုဆောင်အရာရှိချုပ် ဗယ်လာရီအာဘိန်းသည် ပိုင်ဆိုင်မှုများကို သိမ်းယူမည့် အစီအစဉ်တိုင်းတွင် တာဝန်ရှိမှုအားလုံးကို လွှဲပြောင်းပေးသင့်ကြောင်း Bloomberg ကို အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။ “ရုရှားရဲ့ ပိုင်ဆိုင်မှုတွေ သိမ်းယူရတဲ့ အခြေအနေမျိုး ကျွန်တော်တို့ ဆီမှာ မဖြစ်နိုင်ပါဘူး၊ နှစ်အနည်းငယ်ကြာတဲ့အခါမှာတော့ ရုရှားက တံခါးကို လာခေါက်ပြီး 'ကျွန်တော်တို့ရဲ့ ငွေချေးစာချုပ်တွေကို ပြန်သိမ်းချင်ပါတယ်' လို့ ပြောလာရင် ဘယ်လိုလုပ်မလဲ။  ပိုင်ဆိုင်မှုတွေ သိမ်းယူမယ်ဆိုရင် အကုန်လုံး ကို အပြီးသိမ်း ရမှာ၊ အဲ့ဒိထဲမှာ အကြွေးတွေ ပါနေတယ်”လို့ ဆိုပါတယ်။ 

ယူရိုကလီးယားက ဇူလိုင်လတုန်းက ယူကရိန်းကို ထောက်ပံ့ဖို့အတွက် အီးယူက ကန်ဒေါ်လာ ၁.၆၃ ဘီလီယံ ထုတ်ထားကြောင်း၊ အဲ့ဒိလမှာပဲ အီးယူ ကော်မရှင်က ယူကရိန်းကို ၁.၅ ဘီလီယံ အကူအညီပေးခဲ့ကြောင်း ထုတ်ပြန်မှု တွေ ရှိခဲ့ပါတယ်။ ဒီနှစ် အောက်တိုဘာလထဲမှာ ဥရောပ ပါလီမန်က ရုရှားအတိုးထဲကနေ ကန်ဒေါ်လာ ၃၅ ဘီလီယံကို ယူကရိန်းကို ချေးခဲ့ပါတယ်။ အမေရိကန် ဘိုင်ဒန်အစိုးရကလည်း ရုရှားသူဌေးတွေရဲ့ မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းတွေကို သိမ်းထားတဲ့ အထဲကနေ ကန်ဒေါ်လာ ၂၀ ဘီလီယံကို ယူကရိန်းကို ထောက်ပံ့ခဲ့တယ်လို့ ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ 


REF - RT

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)