၂၀၂၄၊ ဒီဇင်ဘာ ၁၁ ( ဗုဒ္ဓဟူးနေ့ )
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာအော်ဘန်နဲ့ အမေရိကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်တို့ တွေ့ဆုံးပြီးနောက် အော်ဘန်က ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ ဖုန်းဆက်ပြီး ဒီကနေ့ စကားပြောဖြစ်ခဲ့ ကြပါတယ်။
သူတို့ ၂ဦးရဲ့ ဆွေးနွေးပွဲ အစပိုင်းမှာ ကုန်သွယ်ရေး နဲ့ စွမ်းအင်ရရှိမှုကိစ္စတွေ ပြောခဲ့ကြပေမဲ့ နောက်ပိုင်းမှာ ယူကရိန်း ပဋိပက္ခ နဲ့ ပတ်သက်ပြီး ဆွေးနွေးဖြစ်ကြပါတယ်။ ဗစ်တာအော်ဘန်က ယူကရိန်း-ရုရှားစစ်ကို သံတမန်နည်းနဲ့ အဖြေရှာရေးအတွက် စိတ်အားထက်သန်သူဖြစ်ပြီး ရုရှားနဲ့ ပတ်သက်တဲ့ အီးယူရဲ့ ဆုံးဖြတ်ချက် တော်တော်များများကို ဆန့်ကျင်ခဲ့သူဖြစ်ပါတယ်။ အနောက်အုပ်စုရဲ့ ရုရှားနဲ့ တရုတ်နိုင်ငံအပေါ် စီးပွားရေး၊ နိုင်ငံရေး ပိတ်ဆို့မှုတွေကို ပြင်းပြင်းထန်ထန် ဆန့်ကျင်သူလည်း ဖြစ်ပါတယ် ။
“ကျွန်တော်ကတော့ သံတမန်နည်းကို ပိုကြိုက်ပါတယ်။ နိုင်ငံရေးနည်းနဲ့ အဖြေရှာတာက အကောင်းဆုံးပါပဲ။ ကိယက်ဗ် အစိုးရ အနေနဲ့ သူတို့ တိုက်ချင်သပ ဆိုရင်လည်း တိုက်ပေါ့။ ဒါပေမဲ့ အန္တရာယ်ရှိတဲ့ သီတင်းပတ်တွေ ရှိလာနိုင်ပါတယ်။ ဖြစ်နိုင်တဲ့ အပစ်ရပ်ရေးနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို လုပ်စေချင်တယ်” လို့ သူ့ရဲ့ အိတ်စ်မီဒီယာ ( ယခင်တွစ်တာ ) မှာ ပူတင်နဲ့ ဆွေးနွေးပွဲ ပြီးပြီးချင်း ရေးတင်ခဲ့ပါတယ်။
အဲ့ဒိနောက်မှာ သူတို့ ၂ ဦးက အရှေ့အလယ်ပိုင်း ကိစ္စများကိုလည်း ဆွေးနွေးခဲ့ပြီး အထူသဖြင့် ဆီးရီးယားအရေးကို ဆွေးနွေးခဲ့ပါတယ်။ ပြီးခဲ့တဲ့ တနင်္လာနေ့က ဟန်ဂေရီဝန်ကြီးချုပ် အော်ဘန်၊ တတ်စလာ သူဌေး အီလွန်မက်စ်၊ လာမယ့် အမျိုးသားလုံခြုံရေးအကြံပေး လွှတ်တော်အမတ် မိုက်ကယ်ဝေါ့စ်တို့က ထရမ့်ရဲ့ ဖလော်ရီဒါ စံအိမ်မှာ တွေ့ဆုံဆွေးနွေးမှု လုပ်ခဲ့ကြပါတယ်။ ၁နာရီကျော်ကြာ ဖုန်းဆက်ပြောဆိုဆွေးနွေးမှုမှာ အော်ဘန်က ပူတင်ကို ထရမ့်ရဲ့ သတင်းစကားတွေကို သယ်ဆောင်လာတဲ့သူ ဖြစ်နိုင်တယ်လို့ နိုင်ငံရေးကျွမ်းကျင်သူတွေက ခန့်မှန်းကြပါတယ်။
REF - RT
Join - https://t.me/MyanmarNationalPost

No comments:
Post a Comment