၂၀၂၄၊ ဒီဇင်ဘာ ၁၁ ( ဗုဒ္ဓဟူးနေ့ )
ယူကရိန်းနိုင်ငံ အရှေ့ပိုင်းက ခွဲထွက်ရေးသမားတွေရှိတဲ့ ဒွန်ဘားစ်ဒေသကို ယူကရိန်းအစိုးရက တာဝေးပစ်ဒုံးတွေနဲ့ စတင်တိုက်ခိုက်နေပြီလို့ ဒွန်နက်စတက်မြို့ အုပ်ချုပ်ရေးမှူး ဒန်းနစ်ပူရှလင်က ဆိုပါတယ်။
တိုက်ခိုက်မှုကြောင့် အသေအပျောက်စာရင်း အတိအကျ မရပေမဲ့ မြို့ခံတွေကို ရွှေ့ပြောင်းပေးဖို့အတွက် အုပ်ချုပ်ရေးမှူးက သတိပေးထားပါတယ်။ မီဒီယာတွေမှာကတော့ ယူကရိန်းအစိုးရက အမေရိကန်နိုင်ငံက ထောက်ပံ့ပေးထားတဲ့ ဟိုင်းမား ဒုံးတွေသုံးပြီး တိုက်ခိုက်နေတာပါလို့ ဖော်ပြကြပါတယ်။
ပူရှလင်ရဲ့ တယ်လီဂရမ်ပို့စ်မှာ ကိယက်ဗ် အစိုးရက ယီနာကီရီဗိုမြို့ ပြင်ကို ပစ်မှတ်တိကျတဲ့ တားဝေးပစ် ဒုံးတွေသုံးပြီး တိုက်ခိုက်နေပါတယ်။ ကျနော်တို့ ဒွန်နက်စတက်မြို့နဲ့ ကီလိုမီတာ ၂၀ လောက်ပဲ ဝေးပါတယ်။ ဘယ်လို ဒုံးတွေလဲဆိုတာကတော့ အတိအကျခွဲလို့မရပေမဲ့ တာဝေးပစ် ဒုံးတွေမှန်းတော့သိပါတယ်။ အဓိကကတော့ အရပ်သားတွေ ဘေးကင်းလုံခြုံဖို့ပါပဲ။ တိုက်ခိုက်ခံနေရတဲ့ ဒေသတွေကို စွန့်ခွာဖို့ကို သတိပေးပြောနေရသလို သူတို့အတွက် အစာရေစာရရှိဖို့ ကျနော်တို့ စေတနာ့ဝန်ထမ်း ကြိုးပမ်းနေပါတယ် လို့ ရေးတင်ထားပါတယ်။
ရုရှားသတင်းစာတစ်စောင်ကတော့ ယူကရိန်းတွေပစ်တဲ့ တာဝေးပစ်ဒုံး ၄ လုံး ကျရောက်ပေါက်ကွဲ ခဲ့တယ်လို့ ဖော်ပြပါတယ်။
REF - RT
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment