ပြည်ခိုင်ဖြိုးပါတီ၏ အလုပ်သမားရေးရာတာဝန်ခံ ဦးမောင်မြင့် ပဲခူးမြို့နယ်အတွင်းရှိ စက်ရုံ /အလုပ်ရုံများရှိ တာဝန်ရှိသူများနှင့်တွေ့ဆုံ ဆွေးနွေး၍ ကူညီထောက်ပံ့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ခိုင်ဖြိုးပါတီ၏ အလုပ်သမားရေးရာတာဝန်ခံ ဦးမောင်မြင့် ပဲခူးမြို့နယ်အတွင်းရှိ စက်ရုံ /အလုပ်ရုံများရှိ တာဝန်ရှိသူများနှင့်တွေ့ဆုံ ဆွေးနွေး၍ ကူညီထောက်ပံ့







ပဲခူး၊ ဒီဇင်ဘာ ၁၄

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ဗဟိုအလုပ်အမှုဆောင်၊ အလုပ်သမားရေးရာတာဝန်ခံ ဦးမောင်မြင့်သည် ဒီဇင်ဘာလ ၁၃ ရက်နေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးပါတီ ဥက္ကဋ္ဌ ဦးရဲမြင့်ထွန်းနှင့် ပါတီတာဝန်ရှိသူများ လိုက်ပါလျှက် ပဲခူးမြို့နယ်အတွင်းရှိ ပန်းပုလက်မှုပညာပစ္စည်းများထုတ်လုပ်နေသော အလုပ်ရုံများ၊ အင်းတကော်မြို့ရှိ အဝတ်အထည်များထုတ်လုပ်နေသော စက်ရုံများသို့ နယ်မြေကွင်းဆင်းသွားရောက်၍ အလုပ်ရုံ /စက်ရုံတာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ကြောင်းသိရသည်။

ရှေးဦးစွာဗဟိုအလုပ်အမှုဆောင်နှင့်အဖွဲ့သည် မဇင်းရပ်ကွက်ရှိ ပန်းပုပစ္စည်းများအားထုတ်လုပ်၍ ပြည်ပနိုင်ငံများသို့တင်ပို့ရောင်းချနေသော အလုပ်ရုံသို့သွားရောက်၍ လုပ်ငန်းတာဝန်ရှိသူများ၊ အလုပ်သမားများ၊ ကုန်ထုတ်ပစ္စည်းများအား လေ့လာမေးမြန်းခဲ့ပြီး ဈေးကွက်အခြေအနေများ၊ ထုတ်ကုန်ပစ္စည်းအရင်းအမြစ်များ ရရှိဖန်တီးမှု၊ ဈေးကွက်ရှာဖွေချဲ့ထွင်မှု၊ နိုင်ငံတော်မှကူညီထောက်ပံ့ ပံ့ပိုးနေမှုများအား တွေ့ဆုံရှင်းလင်း မေးမြန်းခဲ့ပြီး အမှတ်တရလက်ဆောင် ပစ္စည်းများပေးအပ်ခဲ့သည်။ 

ပါတီ တာဝန်ရှိသူများသည် အင်းတကော်မြို့ အမှတ်(၆)ရပ်ကွက်ရှိ အဝတ်အထည်စက်ရုံသို့ သွားရောက်၍ စက်ရုံ၏တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ စက်ရုံ၏ကုန်ထုတ်လည်ပတ်တင်ပို့နေမှု အခြေအနေများ၊ နိုင်ငံတော်မှ ရင်းနှီးမြုပ်နှံမှုဆိုင်ရာလုပ်ငန်းများအတွက် ကာကွယ် ကူညီပံ့ပိုးနေသောလုပ်ငန်းစဉ်များ၊ မိတ်ဖက်နိုင်ငံများနှင့် စီးပွားရေးနှင့်ရင်းနှီးမြုပ်နှံမှုဆိုင်ရာ အခွင့်အလန်းများ၊ ကြိုဆိုဖိတ်ခေါ်နေမှုအခြေအနေများ၊ နိုင်ငံတော်ပိုမို တည်ငြိမ်အေးချမ်းသာယာရေးအတွက် ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ရမည့် ကိစ္စရပ်များအား အကျယ်တစ်ဝင့်ရှင်းလင်းပြောကြားခဲ့ပြီး စက်ရုံ၏တာဝန်ရှိသူများမှ သိလိုသည်များကို ပြန်လည်ဆွေးနွေးတင်ပြခဲ့ပြီး တင်ပြချက်များအပေါ် ပါတီ၏တာဝန်ရှိသူများ ပြန်လည်ဆွေးနွေးရှင်းလင်းခဲ့ပြီး စက်ရုံ၏တာဝန်ရှိသူများနှင့်အမှတ်တရဓာတ်ပုံများရိုက်ကူးခဲ့ပြီး လွန်ခဲ့သောရက်အတည်းငယ်က ယာဉ်မတော်တဆတိမ်းမှောက်မှုကြောင့် ထိခိုက်ခဲ့ရသော အလုပ်သမားများအတွက် ပြည်ခိုင်ဖြိုးပါတီမှ ကူညီထောက်ပံ့ငွေများအား ပေးအပ်ထောက်ပံ့ခဲ့သည်။

ပဲခူးတိုင်းဒေသကြီး(အရှေ့)ပြည်ခိုင်ဖြိုးပါတီသည် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ၏ လုပ်ငန်းညွန်ကြားချက်များ၊  နယ်မြေကွင်းဆင်းထိတွေ့စည်းရုံးမှုများ နှင့် အဆင့်ဆင့်၏ သက်ဆိုင်ရာအလိုက် လုပ်ငန်းညွန်ကြားချက်များအား စဉ်ဆက်မပြတ် အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိပြီး သက်ဆိုင်ရာ တိုင်း/ ခရိုင် / မြို့နယ်၊ ရပ်ကွက်/ ကျေးရွာအုပ်စုများအလိုက် ချိတ်ဆက် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)