ထောက်ကြန့် မြို့နယ်တွင် အမျိုးသားတစ်ဦး ကြိုးဆွဲချ သေဆုံး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ထောက်ကြန့် မြို့နယ်တွင် အမျိုးသားတစ်ဦး ကြိုးဆွဲချ သေဆုံး


ရန်ကုန်၊ ဒီဇင်ဘာ ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ ထောက်ကြန့် မြို့နယ်၊ တောင်ပိုင်းရပ်ကွက်၊ ရန်ကုန်/ပြည်လမ်းမဘေး ပညာရေးစီမံခန့်ခွဲမှုကျောင်းတွင် ယနေ့နံနက် ၁ နာရီ ၅၅ မိနစ်အချိန်ခန့်က အမျိုးသား တစ်ဦးကြိုးဆွဲချသေဆုံးနေကြောင်း သိရသည်။

သေဆုံးသူမှာ ဦးသိန်းဟန်၊ အသက် ၄၅ နှစ်၊ (ဘ)ဦးကျော်သာ၊ လက်ထောက်ညွှန်ကြားရေးမှူး၊ ဗန်းမော်ခရိုင်ပညာရေးမှူးရုံးမှ ဖြစ်ပြီး အမြင့်ပေ ၇ ပေခန့်ရှိ အခန်းနံရံတွင် ၄ လက်မသံဖြင့်ရိုက်ထားသော သံငုပ်၌ ပုဆိုးထုံးချည်နှောင်၍ ၎င်း၏လည်ပင်းအားစွပ်လျက် လျှာထွက်သေဆုံးလျက်ရှိကြောင်း သိရသည်။

အဆိုပါသေဆုံး ခန္ဓာကိုယ်အား သက်ဆိုင်ရာက စစ်ဆေးကြည့်ရှုပြီး ရဲလုပ်ငန်းအပြည့်အစုံဖြင့် အင်းစိန်ဆေးရုံသို့ ပိုဆောင်ပေးခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)