ကိုရီးယားရှိ ကုန်ထုတ်နှင့် ဝန်ဆောင်မှုလုပ်ငန်းအတွက် မြန်မာနိုင်ငံမှ လုပ်သားများအား တိုးချဲ့ခေါ်ယူမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကိုရီးယားရှိ ကုန်ထုတ်နှင့် ဝန်ဆောင်မှုလုပ်ငန်းအတွက် မြန်မာနိုင်ငံမှ လုပ်သားများအား တိုးချဲ့ခေါ်ယူမည်



ရန်ကုန်၊ ဒီဇင်ဘာ ၁၄

ဒီဇင်ဘာလ နောက်ဆုံးရက်သတ္တပတ် သို့မဟုတ် လာမည့်နှစ် ဇန်နဝါရီ လဆန်းပိုင်းတွင် ၂၀၂၄ ခုနှစ် ကိုရီးယားဘာသာအရည်အချင်းစစ်စာမေးပွဲ (EPS- TOPIK) နှင့် Skills Test (ကုန်ထုတ်လုပ်ငန်း ပထမအသုတ်နှင့် ဝန်ဆောင်မှုလုပ်ငန်းအုပ်စု - ၁) အောင်မြင်ပြီးသူများအား အလုပ်လျှောက်လွှာခေါ်ယူခြင်း ဆောင်ရွက်မည်ဖြစ်ကြောင်း အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီက အသိပေးကြေညာထားသည်။

အဆိုပါ ကြေညာချက်၌ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလနောက်ဆုံးရက်သတ္တပတ် သို့မဟုတ် ၂၀၂၅ ခုနှစ် ဇန်နဝါရီ လဆန်းပိုင်းတွင် ဆောင်ရွက်မည်ဖြစ်၍ ကျန်းမာရေးဂရုပြုကြရန်လည်း အသိပေးထား သည်။

ထို့အတူ နိုင်ငံကူးလက်မှတ်စာအုပ်သက်တမ်းအနည်းဆုံး တစ်နှစ်အထက်ရှိရန် လိုအပ်သည်ဟု ကြိုတင်အသိပေးထားကြောင်း အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ POEA- EPS က အသိပေးကြေညာချက်တွင် ပါရှိသည်။

(၁၆) ကြိမ်မြောက် ကိုရီးယားဘာသာအရည်အချင်းစစ်စာမေးပွဲ ကုန်ထုတ်လုပ်ငန်း ပထမအသုတ်အောင်မြင်သူ ၅၃၇၇ ဦးနှင့် ဝန်ဆောင်မှုလုပ်ငန်း (အုပ်စု-၁) အောင်မြင်သူ ၇၁ ဦး၏ စာရင်းကို အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှ ဒီဇင်ဘာ ၃ ရက်က အသိပေးထုတ်ပြန်ကြေညာခဲ့သည်။

(၁၆) ကြိမ်မြောက် ကိုရီးယားဘာသာအရည်အချင်းစစ် စာမေးပွဲတွင် မြန်မာနိုင်ငံမှ လုပ်သားများကို ကိုရီးယားနိုင်ငံရှိ ဝန်ဆောင်မှုလုပ်ငန်းအတွက် တိုးချဲ့ခေါ်ယူမည်ဖြစ်ကြောင်း သိရသည်။

၂၀၂၄ ခုနှစ်တွင် စာမေးပွဲလျှောက်လွှာတင်သွင်းသူများအနက် ကိုရီးယားဘာသာအရည်အချင်းစစ်ဆေးခြင်း(EPS-TOPIK) ကုန်ထုတ်လုပ်ငန်း (ဒုတိယအသုတ်) စာမေးပွဲကို ၂၀၂၅ ခုနှစ် နှစ်ဆန်းတွင် ဖြေဆိုရမည်ဖြစ်ပြီး HRD-Korea မှ အချိန်ဇယားပေးပို့လာပါက ဆက်လက်ကြေညာပေးမည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။


MT

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)