ပဲခူး၊ ဒီဇင်ဘာ ၂၇
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်း မောင်သည် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုး ဆွေဝင်းနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ညောင်လေးပင် ခရိုင်အတွင်း အောင်မြင်စွာ ဆောင်ရွက်လျက်ရှိသော စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို ကွင်းဆင်း ကြည့်ရှုအားပေးသည်။
ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်နှင့်အဖွဲ့သည် ညောင်လေးပင်ခရိုင် ဒိုက်ဦး မြို့နယ် ပျဉ်းမလွင်ကျေးရွာသို့ ရောက်ရှိပြီး တစ်နှစ် နွေစပါး နှစ်သီးစိုက် ဒေသခံတောင်သူများနှင့် တွေ့ဆုံ၍ တောင်သူလယ်သမားများ၏ လူမှုစီးပွား ဘဝများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး သီးထပ်စွမ်းအား နှင့် သီးနှံစိုက်စွမ်းအား ပိုမိုတိုးတက်အောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ အခက်အခဲများ ကို ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း ပြောကြားပေး စေလိုကြောင်း ပြောကြားသည်။
လှည့်လည်ကြည့်ရှုအားပေး ထို့နောက် နွေစပါးစိုက်တောင်သူများအား သွင်းအားစုနှင့် မျိုးကောင်းမျိုးသန့်များ ပေးအပ်ပြီး နွေစပါး ပထမသီးနှံ တစ်ကွင်းတစ်ဆက်တည်း ဧက ၅၀၀ ၌ သမန်းနိုးခြင်းဆောင်ရွက်နေမှု၊ ခြောက်တန်း သွား လက်ဆွဲကောက်စိုက်စက်၊ လေးတန်းသွား လက်ဆွဲကောက်စိုက်စက်၊ ရှစ်တန်းသွား လက်ဆွဲ မျိုးစေ့ချကိရိယာ၊ ပျိုးဗန်းပျိုးထောင်စက်နှင့် ဒေသ ထွက်ကုန်ကြမ်းပစ္စည်းများဖြင့် ထုတ်လုပ်ထားသည့် သွင်းအားစုများကို လှည့်လည်ကြည့်ရှု အားပေးကြသည်။
ယင်းနောက် ဒိုက်ဦးမြို့နယ် ကတုတ်ရွာမ ကျေးရွာ၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အောင်မြင်စွာ ဆောင်ရွက်လျက်ရှိသည့် မွေးမြူရေး လုပ်ငန်းရှင် ဦးသန့်ဇင်ထွန်း၏ ဒေသကြက်ကောင် ရေ ၇၀၀၀ နှင့် ဒေသဆိတ်ကောင်ရေ ၁၀၀ မွေးမြူ ထားရှိမှုတို့ကိုလည်းကောင်း၊ ကျိုက်စကောအရှေ့ ကျေးရွာရှိ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဘက်စုံမွေးမြူရေးလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် မွေးမြူရေးလုပ်ငန်းရှင် ဦးမောင်ကြည်၏ နို့စားနွားမွေးမြူရေး၊ နို့စားကျွဲမွေးမြူရေး၊ ဒေသကြက်နှင့် ဥစားကြက်မွေးမြူရေးခြံနှင့် ပဲခူးတိုင်းဒေသထုတ် စပါးအခြောက်ခံစက်များကိုလည်းကောင်း လှည့်လည်ကြည့်ရှုအားပေးပြီး တန်ဖိုးမြှင့် စားသောက်ကုန်အဖြစ် ရောင်းချနိုင်ရေး ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် မန်းငြိမ်းမောင်သည် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးသို့ ရောက်ရှိပြီး ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်ချက်အရ Agro Future Myanmar Co., Ltd. မှ စမ်းသပ်တီထွင်ထုတ်လုပ် ထားသည့် ပြည်တွင်းဖြစ် လူလိုက်ပါစီးနင်းနိုင်သည့် ကောက်စိုက်စက်၊ ဆေးဖျန်းစက်နှင့် ဘက်စုံသုံး အစေ့ချစက်များကို ကြည့်ရှုအားပေးပြီး ကျယ်ကျယ် ပြန့်ပြန့် ထုတ်လုပ်နိုင်ရေး ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားသည်။
မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်နှင့် အဖွဲ့သည် သနပ်ပင်မြို့နယ် အောက်စုကွင်းသို့ ရောက်ရှိပြီး နွေစပါး နှစ်သီးစိုက် ဒေသခံတောင်သူများနှင့် တွေ့ဆုံ၍ လိုအပ်ချက်များ ကို သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းဆောင်ရွက်ပေးကာ ဒေသခံနွေစပါးစိုက် တောင်သူများအတွက် သွင်းအားစုများ ချီးမြှင့် ပေးအပ်သည်။
ထို့နောက် သနပ်ပင်မြို့နယ် ကမာစဲကျေးရွာ၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မွေးမြူရေး လုပ်ငန်း အောင်မြင်စွာ ဆောင်ရွက်လျက်ရှိသော ဦးဝင်းထိုက်မောင်၏ ကာကီကင်းမျိုး ဥစားဘဲ ကောင်ရေ ၄၂၀၀၀ မွေးမြူထားရှိမှုကို ကြည့်ရှု အားပေးပြီး ကမာစဲကျေးရွာရှိ ဦးလူမော်၏ တစ်ရက် တန် ၂၅၀ ကျ ဆန်စက်၌ ဆန်စက်လည်ပတ်နေမှု၊ ဆန်ကြိတ်ခွဲနေမှုကို ကြည့်ရှု၍ ဒေသခံတောင်သူများနှင့် ကန်ထရိုက်လယ်ယာစနစ်များ တိုးချဲ့ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားသည်။
ယင်းနောက် ပဲခူးမြို့နယ် အိုးဘိုကျေးရွာအုပ်စု တစ်ကွင်းတစ်ဆက်တည်း ပဲတီစိမ်းစံပြစိုက်ခင်း ဧက ၁၀၀ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှုကို ကွင်းဆင်းကြည့်ရှုအားပေးပြီး ဒေသခံပဲစိုက် တောင်သူများနှင့် တွေ့ဆုံ၍ လိုအပ်ချက်များအား သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ ပဲစိုက်တောင်သူများအတွက် သွင်းအားစုများ ချီးမြှင့်ပေးအပ်သည်။
ဆက်လက်၍ ပဲခူးမြို့ သီရိဟံသာခန်းမ၌ ဌာန ဆိုင်ရာများနှင့် တွေ့ဆုံ၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ်များ၊ မူဝါဒများအား အကျယ်တဝင့် ရှင်းလင်းပြောကြား၍ လိုအပ်သည် များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိ သည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment