၂ဝ၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် အားကစားပြိုင်ပွဲများတွင် ဆုရရှိခဲ့သော မန္တလေးတိုင်းဒေသကြီးမှ အားကစားသမားများနှင့် နည်းပြများအား ဂုဏ်ပြုချီးမြှင့် - Myanmar National Post

Myanmar National Post

News Agency

Breaking

၂ဝ၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် အားကစားပြိုင်ပွဲများတွင် ဆုရရှိခဲ့သော မန္တလေးတိုင်းဒေသကြီးမှ အားကစားသမားများနှင့် နည်းပြများအား ဂုဏ်ပြုချီးမြှင့်


နေပြည်တော်၊ ဒီဇင်ဘာလ ၂၇

၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် အားကစားပြိုင်ပွဲများတွင် ဆုရရှိခဲ့သော အားကစားသမားများနှင့် နည်းပြများအား ဂုဏ်ပြုချီးမြှင့်ခြင်းကို ယမန်နေ့က မန္တလေးမြို့၊ မြို့တော်ခန်းမ၌ပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ကျော်ကိုထိုက်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ၊ အားကစားဝါသနာရှင်ပြည်သူများ၊ ကျောင်းသား/ ကျောင်းသူများ အားကစားသမားများနှင့် နည်းပြများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုအမှာစကား ပြောကြားသည်။ ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် အားကစားပြိုင်ပွဲများတွင် ဆုရရှိခဲ့သော အားကစားသမားများနှင့် နည်းပြများအား ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ်ချီးမြှင့်ကြပြီး ဆုရရှိသည့်အားကစားသမားတစ်ဦးက ကျေးဇူးတင်စကားပြန်လည် ပြောကြားသည်။

အဆိုပါ ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့် အားကစားပြိုင်ပွဲများတွင် မန္တလေးတိုင်းဒေသကြီးမှ အားကစားသမား ၂၂၃ ဦး၊ နည်းပြ ၁၁၀ ဦးဖြင့် အားကစားနည်း ၂၄ မျိုးတို့ကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အားကစားနည်းများအလိုက် ရွှေတံဆိပ် ၃၀ ခု၊ ငွေတံဆိပ် ၃၉ ခု၊ ကြေးတံဆိပ် ၅၁ ခု စုစုပေါင်း ၁၂၀ ခု ရရှိခဲ့ကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)