လက်နက်မချရင် ကာဒ်တွေကို မြေမြုပ်ပစ်မယ်လို့ အာဒိုဂန်ကြိမ်းပြီ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လက်နက်မချရင် ကာဒ်တွေကို မြေမြုပ်ပစ်မယ်လို့ အာဒိုဂန်ကြိမ်းပြီ


ဒီဇင်ဘာ - ၂၆ ( ကြာသပတေးနေ့ ) 

ဆီးရီးယားနိုင်ငံမြောက်ပိုင်မှာရှိတဲ့ အမေရိကန်ကျောထောက်နောက်ခံ ကာဒ်သူပုန်တွေကို လက်နက်မချပါက အားလုံးကို မြေမြုပ်ပစ်မယ်လို့ တူရကီသမ္မတ ရီဆပ်တေးရစ်အာဒိုဂန်က ကြိမ်းဝါးလိုက်ပါတယ်။ 

အန်ကာရာရှိ ဥပဒေပြုအမတ်များနှင့် ဗုဒ္ဓဟူးနေ့တွင် ပြောကြားရာတွင် အာဒိုဂန်က “ကျွန်ုပ်တို့နှင့် ကျွန်ုပ်တို့၏ ကာ့ဒ်ညီအစ်ကို မောင်နှမများကြား သွေးတံတိုင်းခတ်ရန် ကြိုးစားနေသော အကြမ်းဖက်အဖွဲ့ကို ချေမှုန်းပစ်မယ်လို့  ကတိပြုခဲ့ပါတယ်။ “ခွဲထွက်ရေးသမား လူသတ်သမားတွေက သူတို့ရဲ့ လက်နက်တွေကို နှုတ်ဆက်ရင်နှုတ်ဆက် ဒီလိုမှ မဟုတ်ရင်တော့ သူတို့ရဲ့ လက်နက်တွေနဲ့အတူ ဆီးရီးယားမြေတွေမှာ မြှုပ်နှံထားလိုက်မယ်” လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

ဆီးရီးယားမြောက်ပိုင် တူရကီနယ်စပ်ရှိ YPG ကာဒ်လက်နက်ကိုင်အဖွဲ့သည် တူရကီလုံခြုံရေးကို သိသိသာသာ ခြိမ်းခြောက်လာတယ်လို့ အာဒိုဂန်က ထပ်ခါတလဲလဲ ပြောဆိုခဲ့ပြီး နိုင်ငံ၏တောင်ပိုင်းနယ်စပ်အနီးတွင် အကြမ်းဖက်စင်္ကြံတစ်ခု ထူထောင်ခြင်းကို တားဆီးသွားမယ်လို့ ကတိပြုခဲ့ပါတယ် ။ ကာဒစ်စတန် အလုပ်သမားပါတီ (PKK) နှင့် ကာဒ်ပြည်သူ့ကာကွယ်ရေးယူနစ် YPG အား လက်နက်နှင့် လေ့ကျင့်ရေးများ ပေးအပ်ခြင်းအတွက် အမေရိကန်ကိုလည်း ဝေဖန်ခဲ့ပါတယ် ။တူရကီက ၎င်း အဖွဲ့၂ဖွဲ့လုံးကို အကြမ်းဖက် အဖွဲ့အစည်းအဖြစ် မှတ်ယူထားပါတယ်။ 

အာဒိုဂန်က မဟာမိတ်ဖြစ်တဲ့ နေတိုးအဖွဲ့နဲ့ အမေရိကန်ကို YPG တွေကိုထောက်ခံထားတဲ့အပေါ် ကာဒ်တွေနဲ့ တူရကီ တစ်ခုခုကိုရွေးပါလို့ ပြောခဲ့ပါတယ်။ YPGခေါင်ဆောင်တွေကတော့ ဆီးရီးယားမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေထူထောင်ဖို့ ကြိုးပမ်းမှုကို လုပ်နေတာရယ် ၊ တူရကီနိုင်ငံအတွင်းမှာရှိတဲ့ PKKလက်နက်ကိုင် သောင်းကျန်းသူတွေနဲ့ သူတို့က သဘောထားချင်း မတူဘူး လို့ ဆိုထားပါတယ်။ အမေရိကန်ကတော့ အစ္စလာမ်မစ် အကြမ်းဖက်အဖွဲ့တွေကို တိုက်ထုတ်ဖို့အတွက် ကာဒ်တွေရဲ့အကူအညီအများကြီးရခဲ့တယ်လို့ မီးမောင်းထိုးပြထားပါတယ်။ 

ကာ့ဒ်ဦးဆောင်သော ဆီးရီးယားဒီမိုကရက်တစ်တပ်ဖွဲ့ (SDF) သည် YPG ၏ အဖွဲ့တစ်ခုဖြစ်ပြီး ဆီးရီးယားသမ္မတ ဘာရှားအာဆတ်အစိုးရ ပြုတ်ကျသွားပြီးနောက် စစ်ဒဏ်ခံနေရသော နိုင်ငံအတွင်း တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရန်လည်း တောင်းဆိုထားပါတယ် ။ SDF သည် ဆီးရီးယားနယ်မြေအား တူရကီတို့၏ တိုက်ခိုက်မှုများမှ ကာကွယ်ရန်နှင့် မြောက်ပိုင်းဒေသများကို အန်ကာရာအစိုးရ၏ သိမ်းပိုက်မှုအား အဆုံးသတ်ရန် တိုက်တွန်းထားပြီး ဆီးရီးယားပြည်သူများသည် ပြည်ပဝင်ရောက်စွက်ဖက်ခြင်းမရှိဘဲ ၎င်းတို့၏အနာဂတ်ကို ဆုံးဖြတ်ရမည်ဟု ပြောဆိုထားပါတယ်။


REF - RT                 

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)