ရွှေလီ-မူဆယ် နိုင်ငံဖြတ်ကျော် မာရသွန်ပြေးပွဲ ကျင်းပမည် - Myanmar National Post

Myanmar National Post

News Agency

Breaking

ရွှေလီ-မူဆယ် နိုင်ငံဖြတ်ကျော် မာရသွန်ပြေးပွဲ ကျင်းပမည်


ရန်ကုန်၊ ဒီဇင်ဘာ ၁၇

တရုတ်-မြန်မာ ရွှေလီ-မူဆယ် နိုင်ငံဖြတ်ကျော်မာရသွန်ပြေးပွဲကို ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့တွင် စတင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပြန်ထားသည်။

ယခုအကြိမ်ပြိုင်ပွဲ ဆုတံဆိပ်ဒီဇိုင်းတွင် စကားဖြူပန်း၊ တရုတ်-မြန်မာနန်းတော်နယ်စပ်ဂိတ် စသည့်ယဉ်ကျေးမှုအမှတ်သင်္ကေတများဖြင့် “တစ်မြစ်တွင်းရေ အတူသောက်သုံးသော တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးသံယောဇဉ်” အကြောင်းအရာ ခေါင်းစဉ်ကို ပေါ်လွင်စေရန်စီစဉ်ထားကြောင်း၊ ပြိုင်ပွဲတွင် မြန်မာနိုင်ငံသားများ မာရသွန်ပြိုင်ပွဲ၊ မြန်မာနိုင်ငံသားများ တစ်ဝက်မာရသွန်ပြိုင်ပွဲဆုများလည်း သီးသန့်စီစဉ်ထားကာ မြန်မာနိုင်ငံမှ အမျိုးသားအားကစားသမား ၁၂ ဦး၊ မြန်မာနိုင်ငံမှ မိတ်ဆွေများ အယောက် ၁၀၀၀ ပြိုင်ပွဲ ပါဝင်ယှဉ်ပြိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

တရုတ်-မြန်မာနှစ်နိုင်ငံမှ ပြည်သူများကလည်း တရုတ်-မြန်မာ မူလတန်းကျောင်းသားများ၊ ဒေသခံတိုင်းရင်းသားလူမျိုး ၅ ခု စသည့် လူပေါင်း ၁၂၀၀ ကျော်ဖြင့် ပန်းဖွားအကအဖွဲ့ ဖွဲ့စည်းကာ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် အမွေဆက်ခံသူမှ ဦးဆောင်ကာ မြန်မာအဆိုအက၊ တိုင်းရင်းသားအဆိုအက ဖျော်ဖြေတင်ဆက်မှုများဖျော်ဖြေကာ ပြိုင်ပွဲပြေးလမ်းတစ်လျှောက်နေရာ ၃၅ ခုမှာ ပြိုင်ပွဲဝင်များကို အားပေးသွားမည်ဖြစ်သည်။

ပြိုင်ပွဲပြေးလမ်းတစ်လျှောက်တွင် ထူးခြားချက်ရှိသော ရသာမွန် စားသောက်ဖွယ်ဖြင့် အားဖြည့်ရာနေရာ ၄ ခုစီစဉ်ထား၍ အားကစားသမားများ အားဖြည့်သုံးဆောင်နိုင်ရန် တိုင်းရင်းသားထူးခြားချက်ရှိသော ရသာမွန်စားဖွယ်စုံပေါင်း ၂၀၀၀ ကျော်စီစဉ်ပေးသွားမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲကာလအတွင်း ရွှေလီမြို့ဟောင်းစသည့်ဒေသများတွင်လည်း ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ပြပွဲ၊ ပွဲဈေး၊ မနောအက၊ မီးပုံပွဲတော်၊ တိုင်းရင်းသားအဆိုတော်စတိတ်ရှိုး စသည့်လှုပ်ရှားမှုများလည်း ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)