မြစ်ကြီးနားတက္ကသိုလ်၏ (၂၁)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြစ်ကြီးနားတက္ကသိုလ်၏ (၂၁)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပ



မြစ်ကြီးနား၊ ဒီဇင်ဘာ ၃

ကချင်ပြည်နယ်၊ မြစ်ကြီးနားတက္ကသိုလ်၏ (၂၁)ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားကို နိုဝင်ဘာ ၃၀ ရက် နံနက် ၉ နာရီက စတင်ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများ တက်ရောက်အားပေးချီးမြှင့်ကြသည်။

ရှေးဦးစွာ ဘွဲ့နှင်းသဘင် အခမ်းအနားသို့  ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး ပြည်နယ် ဝန်ကြီးချုပ်က မြစ်ကြီးနားတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအောင်ဝင်းနှင့် စီမံခန့်ခွဲရေးအဖွဲ့ဝင် များ၊ ပညာ‌ရေးအဖွဲ့ဝင်များနှင့်အတူ ဘွဲ့နှင်းသဘင်စင်မြင့်တွင် နေရာယူကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ဘွဲ့ရမောင်/မယ်များအား နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဗလငါးတန် ပြည်စုံသောလူငယ်၊ လူရွယ်ပညာတတ်များ ပေါများထွန်းကားလာစေရန် လိုအပ် ပါကြောင်း၊ ပညာရေးဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးတို့တွင် တိုးတက်မြင့်မားမှုများဖြစ်ပေါ်ပြီး ငြိမ်းချမ်းသာယာသော နိုင်ငံတစ်ခုဖြစ်ပေါ်လာမည်ဖြစ်ပါကြောင်း၊ ယနေ့ ဘွဲ့ရမောင်/မယ်များအနေဖြင့် မိမိတို့ အနာဂတ်နှင့် နိုင်ငံတော်အတွက် အသိဉာဏ်မြင့်မားပြီး စိတ်ဓာတ်ရေးရာ ရင့်ကျက်မြင့်မားကာ တိုင်းချစ်ပြည်ချစ်စိတ်၊ အမျိုးကို စောင့်ရှောက်လိုသည့်စိတ်၊ အမျိုးသားယဉ်ကျေးမှုကို ထိန်းသိမ်းလိုသည့်စိတ် အားကောင်းလာအောင် စဉ်ဆက်မပြတ် လေ့ကျင့် ပျိုးထောင်ကြရန် တိုက်တွန်းလိုကြောင်း ဂုဏ်ပြုပြောကြားသည်။

ထို့နောက် ပါမောက္ခချုပ် ဒေါက်တာအောင်ဝင်းက တက္ကသိုလ်ပညာရေးအဖွဲ့က စာမေးပွဲတွင် ကောင်းစွာ အောင်မြင်ပေါက်မြောက်ခဲ့သည်ဟု ကြေညာခြင်းခံရသော ဘာသာရပ်အသီးသီးမှ သတ် မှတ် ပညာသင်နှစ်အလိုက် မဟာဝိဇ္ဇာဘွဲ့၊ မဟာသိပ္ပံဘွဲ့၊ ဝိဇ္ဇာဂုဏ်ထူးဘွဲ့၊ သိပ္ပံဂုဏ်ထူးဘွဲ့ရများနှင့် ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့ရ လူငယ်မောင်မယ်များအား သက်ဆိုင်ရာဘွဲ့အသီးသီးကို သတ်မှတ်စည်းမျဉ်းစည်း ကမ်းများနှင့်အညီ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)