တောင်ငူမြို့နယ် သမဝါယမအသင်းစုလီမိတက်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အသင်းလုံးကျွတ် အရပ်ရပ်ဆိုင်ရာအစည်းအဝေး ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ငူမြို့နယ် သမဝါယမအသင်းစုလီမိတက်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အသင်းလုံးကျွတ် အရပ်ရပ်ဆိုင်ရာအစည်းအဝေး ကျင်းပ



တောင်ငူ , ဒီဇင်ဘာ ၁၂


ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ သမဝါယမအသင်းစုလီမိတက်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အသင်းလုံးကျွတ် အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက တောင်ငူမြို့၊ အမှတ် (၁၈)ရပ်ကွက်ရှိ၊ မြို့နယ်သမဝါယမအသင်းလီမိတက်ရုံး၌ ကျင်းပသည်။


ရှေးဦးစွာ တောင်ငူမြို့နယ်သမဝါယမအသင်းစုလီမိတက်ဥက္ကဋ္ဌ ဦးညွန့်ဝင်း (သဘာပတိ)က အဖွင့်အမှာစကားပြောကြားပြီး ပဲခူးတိုင်းဒေသကြီး သမဝါယမဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဒေါ်ချောစုလှိုင်က လမ်းညွှန်အမှာစကားပြောကြားသည်။ ထို့နောက် မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဝင်းနိုင်က ဆွေးနွေးပြောကြားပြီး မြို့နယ်သမဝါယမအသင်းစုအတွင်းရေးမှူး ဦးဇော်မင်းထွန်းနှင့် အသင်းဝင်များက မြို့နယ်သမဝါယမအသင်းစု ဒါရိုက်တာအဖွဲ့၏ (၂၀၂၃- ၂၀၂၄)ဘဏ္ဍာရေးနှစ် လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာ၊ မြို့နယ်သမဝါယမအသင်းစု အသင်းသားစာရင်းစစ်အဖွဲ့၏ (၂၀၂၃-၂၀၂၄) ဘဏ္ဍာရေးနှစ် စာရင်းစစ်ဆေးချက်အစီရင်ခံစာနှင့် နှစ်ချုပ်စာရင်းစစ်ဆေးရေးအဖွဲ့၏ (၂၀၂၃-၂၀၂၄) ဘဏ္ဍာရေးနှစ် နှစ်ချုပ်စာရင်းစစ်ဆေးတွေ့ရှိချက် အစီရင်ခံစာတို့ကို ဖတ်ကြားရှင်းလင်းတင်ပြသည်။


ယင်းနောက် အသင်းဝင်ကိုယ်စားလှယ်များက ကြိုတင်မေးမြန်းထားသည့် အကြံပြုမေးမြန်းချက်များအား အသင်းစုဒါရိုက်တာအဖွဲ့ဝင်များမှ ရှင်းလင်း​ဖြေကြားသည်။


ထို့နောက် တောင်ငူမြို့နယ် သမဝါယမအသင်းစုလီမိတက်ဥက္ကဋ္ဌ ဦးညွန့်ဝင်း (သဘာပတိ)က (၂၀၂၃-၂၀၂၄) ဘဏ္ဍာရေးနှစ်၏ အမှုဆောင်အဖွဲ့လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာ၊ အသင်းသားစာရင်းစစ်အဖွဲ့၏ စာရင်းစစ်ဆေးချက်အစီရင်ခံစာနှင့် နှစ်ချုပ်စာရင်းစစ်ဆေးရေးအဖွဲ့၏ နှစ်ချုပ်စာရင်းစစ်ဆေးတွေ့ရှိချက် အစီရင်ခံစာတို့ကို အတည်ပြုချက်ရယူပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားအား ရုပ်သိမ်းခဲ့သည်။


တောင်ငူမြို့နယ် သမဝါယမအသင်းစုတွင် အသင်းဝင်အဖြစ် အစုထည့်ဝင်ထားသည့်အသင်း (၂၂၆)သင်းရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)