နေပြည်တော် , ဒီဇင်ဘာ ၁၂
နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးသည် နေပြည်တော်ကောင်စီဝင်များ ဖြစ်ကြသည့် ဦးဇေယျာလင်း၊ ဦးမင်းဦးနှင့် ဦးဟန်သူ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီငွေလုံးငွေရင်းရန်ပုံ ငွေဖြင့် ဇေယျာသီရိမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဇေယျာသီရိမြို့နယ်၊ ရွှေပေး-ရှားစေးဖို ကျေးရွာချင်းဆက် ကျောက်ချောလမ်း ခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးက တင်ပြချက်များနှင့်စပ်လျဉ်း၍ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ရေရည်ခိုင်ခံ့စေရေးကို တွက်ချက်ဆောင်ရွက်စေလိုကြောင်း၊ သတ်မှတ်စံချိန် စံညွှန်းပြည့်မီစေရေးနှင့် သတ်မှတ်ကာလအတွင်းပြီးစီးစေရေး၊ လမ်းပခုံးသားများကို သတ်မှတ်ချက်နှင့်အညီ ဖြစ်စေရေးကို အလေးထားဆောင်ရွက်ရမှာ ဖြစ်ကြောင်းမှာကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးသည် ပျဉ်းမနားမြို့နယ်၊ လဲလူးအိုင်ကျေးရွာရှိ ဦးဝင်းမောင်၏ လွှတ်ကျောင်းစနစ်မှ ခြံလှောင်စနစ်ဖြင့် မွေးမြူထားသည့် နို့စားနွား (၂၆) ကောင် မွေးမြူထားရှိမှု အခြေအနေကို သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment