မရမ်းကုန်းမြို့နယ်၌ (၇၇) နှစ်မြောက်၊ လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မရမ်းကုန်းမြို့နယ်၌ (၇၇) နှစ်မြောက်၊ လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပ




မရမ်းကုန်း ,ဒီဇင်ဘာ ၁၂


ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာရေးဌာနတို့ပူးပေါင်းပြီး (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ပုံပြင်ပြော၊ ကဗျာရွတ်ပြိုင်ပွဲကို ဒီဇင်ဘာ ၁၀ ရက် နံနက် ၁၀ နာရီက အမှတ်(၂) အခြေခံပညာအထက်တန်း‌ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ မရမ်းကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရဲနောင်ချစ်က ကျောင်းသား/ ကျောင်းသူများအနေဖြင့် မြန်မာနိုင်ငံ၏ နေ့ထူးနေ့မြတ်များအကြောင်း သိရှိစေရန်အတွက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အခမ်းအနားပြိုင်ပွဲများ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်းနှင့် လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းများနှင့် သိကောင်းစရာများ၊ ဆက်လက်ပြီး တိုင်းရင်းသားညီအကိုတွေ အသက်သွေးချွေးမျာစတေးပြီး အရယူခဲ့ကြသည့် လွတ်လပ်ရေးအား ထိန်းသိမ်းကာကွယ်စောင့်ရှောက်သွားရမည်ဖြစ်ကြောင်း အကျယ်တဝင့် အသိပညာပေး ဟောပြောခဲ့သည်။


ဆက်လက်ပြီး ကျောင်းသား၊ ကျောင်းသူများအား ပုံပြင်၊ ဉာဏ်စမ်းပဟေဠိ၊ စာဖတ်စွမ်းရည်၊ ကဗျာရွတ်ဆိုပြိုင်ပွဲများကျင်းပကာ အမှတ်တရလက်ဆောင်များ ချီးမြှင့်ပေးခဲ့ကြသည်။


ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သုတ/ရသစာအုပ်များနှင့် (၇၇)နှစ်မြောက် လွတ်လပ်‌ရေးနေ့အသိပညာပေး နံရံကပ်စာစောင်များပြသခြင်း၊ လူကုန်ကူးမှုအန္တရာယ်အသိပညာပေး နံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။


သဇင် 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)