မရမ်းကုန်း ,ဒီဇင်ဘာ ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာရေးဌာနတို့ပူးပေါင်းပြီး (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ပုံပြင်ပြော၊ ကဗျာရွတ်ပြိုင်ပွဲကို ဒီဇင်ဘာ ၁၀ ရက် နံနက် ၁၀ နာရီက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မရမ်းကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရဲနောင်ချစ်က ကျောင်းသား/ ကျောင်းသူများအနေဖြင့် မြန်မာနိုင်ငံ၏ နေ့ထူးနေ့မြတ်များအကြောင်း သိရှိစေရန်အတွက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အခမ်းအနားပြိုင်ပွဲများ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်းနှင့် လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းများနှင့် သိကောင်းစရာများ၊ ဆက်လက်ပြီး တိုင်းရင်းသားညီအကိုတွေ အသက်သွေးချွေးမျာစတေးပြီး အရယူခဲ့ကြသည့် လွတ်လပ်ရေးအား ထိန်းသိမ်းကာကွယ်စောင့်ရှောက်သွားရမည်ဖြစ်ကြောင်း အကျယ်တဝင့် အသိပညာပေး ဟောပြောခဲ့သည်။
ဆက်လက်ပြီး ကျောင်းသား၊ ကျောင်းသူများအား ပုံပြင်၊ ဉာဏ်စမ်းပဟေဠိ၊ စာဖတ်စွမ်းရည်၊ ကဗျာရွတ်ဆိုပြိုင်ပွဲများကျင်းပကာ အမှတ်တရလက်ဆောင်များ ချီးမြှင့်ပေးခဲ့ကြသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သုတ/ရသစာအုပ်များနှင့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အသိပညာပေး နံရံကပ်စာစောင်များပြသခြင်း၊ လူကုန်ကူးမှုအန္တရာယ်အသိပညာပေး နံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။
သဇင်
https://t.me/MyanmarNationalPost
No comments:
Post a Comment