မိုးနဲ , ဒီဇင်ဘာ ၁၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၊ နောင်လိုင်ကျေးရွာအုပ်စု၊ ခဲတောင်ကြီးကျေးရွာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးနှင့်ဝန်ထမ်းများလိုက်ပါ၍ စိုက်ပျိုးရေးဆိုင်ရာ တောင်သူနည်းပညာပေးဆွေးနွေးပွဲကို အဆိုပါ ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းနေရာ၌ ယနေ့ နံနက် ၉ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်က ဒေသတွင်းစားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံ မြေပဲတိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် သီထပ်သီးညှပ်စိုက်ပျိုးနိုင်ရေးကို ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဦးစီးမှူး ဦးဇော်မော်ဦးက သီးထပ်စွမ်းအားတိုးတက်ဖို့ ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးရေး၊ မျိုးကောင်းမျိုးသန့်ရွေးချယ် အသုံးပြုစိုက်ပျိုးရေး၊ သဘာဝမြေဩဇာ ပြုလုပ်သုံးစွဲနိုင်ရေး၊ စိုက်ပျိုးနည်းစနစ်မှန်ကန်ရေး၊ ပိုးသတ်ဆေး/ပေါင်းသတ်ဆေး စနစ်တကျကိုင်တွယ် အသုံးပြုရေးနှင့် စွမ်းအားမြှင့်မီးဖို အသုံးပြုပုံတို့ကို ရှင်းလင်းဆွေးနွေးခဲ့ပြီး တောင်သူများက သိရှိလိုသည့်အချက်များအား မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးပေးခဲ့ကြသည်။
ထို့နောက် အောင်မြင်ဖြစ်ထွန်းနေသော ပဲပုပ်စိုက်ခင်းနှင့် နေကြာစိုက်ခင်းများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)
https://t.me/MyanmarNationalPost
No comments:
Post a Comment