အမေရိကန်ကို ရုရှားက သူခိုးလို့ စွတ်စွဲပြီ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမေရိကန်ကို ရုရှားက သူခိုးလို့ စွတ်စွဲပြီ

 


၂၀၂၄၊ ဒီဇင်ဘာ ၁၂ (ကြာသပတေးနေ့) 

ယူကရိန်း- ရုရှား ပဋိပက္ခမဖြစ်ခင်က အမေရိကန်နိုင်ငံမှာ ရင်းနှီးမြုတ်နှံထားတဲ့ ပိုင်ဆိုင်မှုတွေကို စစ်ဖြစ်တဲ့ အခါမှာ အမေရိကန်က သိမ်းဆည်းလိုက်ပြီး ဘဏ်တွေမှာ အပ်ထားပါတယ်။ အဲ့ဒီအပ်ထားတဲ့ ပိုင်ဆိုင်မှုတွေ ကနေပြီးတော့ ရလာတဲ့ အတိုးတွေထဲက ဘီလီယံ ၂၀ ကို ယူကရိန်းကို စပြီးတော့ ချေးပါတယ်။ အဲ့ဒါနဲ့ ပတ်သက်ပြီး ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာနက အမေရိကန်တွေက သူခိုးအကြီးစားတွေပါဆိုပြီး မနေ့က စာထုတ်ပြီး ၎င်းဝက်ဆိုက်မှာ တင်လိုက်ပါတယ်။ 

"အမေရိကန်ဘဏ္ဍာရေးဌာနက ဇီလန်စကီရဲ့ ဒေဝါလီခံ‌နေရတဲ့ အစိုးရကို ထောက်ပံ့ရန် နောက်ထပ် ငွေပေးချေမှု တစ်ခုထုတ်ပေးမည်ဟုကြေငြာခဲ့ပါတယ်။ အဲ့ဒိဒေါ်လာဘီလီယံ ၂၀ က အမေရိကန်တွေ ခေတ္တပိတ်ထားခဲ့တဲ့ ရုရှားရဲ့အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုများမှရရှိသော ငွေများဖြစ်ပါတယ်။ အနှစ်သာရအားဖြင့်ပြောရရင် ခိုးယူခံလိုက်ရတာဖြစ်နေတယ်” လို့ ကြေညာပါတယ်။ 

“ရုရှားရဲ့ ပိုင်ဆိုင်မှုတွေကိုခိုးနေတာတွေက သူတို့ရဲ့ ဥပဒေအခြေခံထားတဲ့ အမိန့်အောက်မှာပျောက်နေတယ်။ အဲ့ဒါတွေက အမေရိကန်နဲ့ အပေါင်းအပါတွေအတွက် မတည်ငြိမ်မှုတွေကို စပြီးဖြစ်စေမှာပါ။ ပြီးတော့ ပြန်ပြီးဓားပြတိုက်ခံရမယ်ဆိုတာကို မသိဘူးဖြစ်နေတယ်” လို့ ဝန်ကြီးဌာနက စာထုတ်ပါတယ်။ 

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်၏ လက်ရှိအစိုးရသည် ရုရှားဆန့်ကျင်ရေး ပိတ်ဆို့အရေးယူမှုများကို တတ်နိုင်သမျှ များများ ချမှတ်ရန် ကြိုးပမ်းနေသည်ဟု ဝန်ကြီးဌာနက ဆက်လက်ပြောသည်။ "ရုရှားက ၎င်းရဲ့ တရားစီရင်ပိုင်ခွင့် အတွင်းက အနောက်နိုင်ငံများ၏ ပိုင်ဆိုင်မှုများကို အပြန်အလှန် သိမ်းယူခြင်းအတွက် လုံလောက်သော အခွင့်အလမ်းများနှင့် အရှိန်တိုးလုပ်စရာ များဖြစ်လာပြီး အဲ့ဒိက ရတဲ့ ပိုက်ဆံတွေနဲ့ ရုရှားဒေသများရှိ စက်မှုလုပ်ငန်းအလားအလာနှင့် အခြေခံအဆောက်အအုံဆိုင်ရာ ပရောဂျက်များကို ဆောင်ရွက်ရာတွင် အသုံးပြုလိမ့်မည်" ဟု ဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။


REF - Tass

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)