သရက်မြို့၌ မိုးနှောင်းချည်မျှင်ရှည်ဝါ မျိုးယှဉ်ပြိုင်စမ်းသပ်ကွက် စံကွက်ရိတ်သိမ်းပွဲ အခမ်းအနား ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

သရက်မြို့၌ မိုးနှောင်းချည်မျှင်ရှည်ဝါ မျိုးယှဉ်ပြိုင်စမ်းသပ်ကွက် စံကွက်ရိတ်သိမ်းပွဲ အခမ်းအနား ကျင်းပ




သရက် ,  ဒီဇင်ဘာ ၂၆


မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ မိုးနှောင်းချည်မျှင်ရှည်ဝါ မျိုးယှဉ်ပြိုင်စမ်းသပ်ကွက် စံကွက်ရိတ်သိမ်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီခွဲက  ထုံးတောင်ကျေးရွာ၊ ကွင်းအမှတ် (၇၁ A)၊ ဦးပိုင် အမှတ်(၁၀၄) တောင်သူ ဦးမင်းဇော်ဦး၏ ယာမြေတွင် ကျင်းပပြုလုပ်ခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများ၊ တောင်သူများနှင့် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများတက်ရောက်ခဲ့သည်။


ရှေးဦးစွာ သရက်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြတ်ထွန်းဦးက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမြင့်စိုးက မျိုးယှဉ်ပြိုင်စမ်းသပ်ကွက် ဆောင်ရွက်ရခြင်း ရည်ရွယ်ချက်နှင့် အထွက်နှုန်းမိတ်ဖက်နှင့် သီးပွင့်အင်္ဂါများမှတ်တမ်းအရ အထွက်နှုန်းတွက်ချက်မှုတို့ကို ရှင်းလင်းတင်ပြခဲ့သည်။ ယင်းနောက် ဒေသခံတောင်သူများ၏ သိလိုသည်များကို ပြန်လည်ရှင်းလင်းပေးခဲ့ပြီး မိုးနှောင်းချည်မျှင်ရှည်ဝါကွင်း လက်တွေ့စံကွက်ရိတ်သိမ်းခြင်း ဆောင်ရွက်ခဲ့သည်။


အဆိုပါ မိုးနှောင်းချည်မျှင်ရှည်ဝါ မျိုးယှဉ်ပြိုင်စမ်းသပ်ကွက်တွင် ရွှေတောင်(၈)၊ ရွှေတောင်(၁၀) နှင့် ငွေချည်(၁၁) ဝါမျိုးတို့ကို စမ်းသပ်စိုက်ပျိုးခဲ့ခြင်းဖြစ်ပြီး ရွှေတောင်(၈)သည် တစ်ဧကအထွက်နှုန်း ခန့်မှန်း ပိဿာ (၆၀၄.၆၀) ပိဿာ၊ ရွှေတောင်(၁၀)သည် (၇၆၆.၆၄) ပိဿာနှင့် ငွေချည်(၁၁)သည် (၇၃၁.၀၂) ပိဿာထွက်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။


ဇော်ဝမ်းထွန်း(အောင်လံ)

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)