ဒီဇင်ဘာ ၁ရက်မှ ၁၅ ရက်အတွင်း အကြမ်းဖက်သမား ၉၀၀ နီးပါး နှိမ်နင်းခဲ့ရ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒီဇင်ဘာ ၁ရက်မှ ၁၅ ရက်အတွင်း အကြမ်းဖက်သမား ၉၀၀ နီးပါး နှိမ်နင်းခဲ့ရ


နေပြည်တော်၊ ဒီဇင်ဘာ ၁၉

အကြမ်းဖက်နှိမ်နင်းရေးဆောင်ရွက်မှု မှတ်တမ်းများ ထုတ်ပြန်ချက်အရ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁ ရက်မှ - ၁၅ ရက်အတွင်း နယ်မြေရှင်းလင်းရေး၊ အကြမ်းဖက်နှိမ်နင်းရေး ဆောင်ရွက်ရာ အကြမ်းဖက်သမား ၈၅၁ ဦး အသေဖမ်းဆီးရမိပြီး၊ ၂၃ ဦး အရှင်ဖမ်းဆီးရမိကြောင်း စစ်တမ်းအရ သိရသည်။

တိုင်းစစ်ဌာနချုပ်အလိုက် နှိမ်နင်းဆောင်ရွက်မှု စာရင်းတွင် ဒီဇင်ဘာ ပထမပတ်နှင့် ဒုတိယပတ်အတွင်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေတွင် အကြမ်းဖက်သမား ၅၉၀ ဦးအထိ နှိမ်နင်းဆောင်ရွက်ခဲ့ရပြီး မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေတွင် ၂၁၀ ဦးအထိ နှိမ်နင်းဆောင်ရွက်ခဲ့ရသည်။

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း တိုက်ပွဲဖြစ်စဉ်များတွင် ဒီဇင်ဘာ ၄ ရက်နေ့ကစပြီး အကြမ်းဖက်သူပုန်များက ကချင်ပြည်နယ်၊ ဗန်းမော်မြိုနယ်အတွင်း တပ်စခန်းများအား လာရောက်တိုက်ခိုက်ရာတွင် KIA/PDF အကြမ်းဖက်သမား(သေဆုံးမှုအနေဖြင့် ၁၈၇ ဦး၊ ဒဏ်ရာရ ၂၂၈ ဦး)၊ မိုးမောက်မြိုနယ်တွင်း တိုက်ပွဲဖြစ်စဉ်များတွင် KIA/PDF အကြမ်းဖက်သမားများ (သေဆုံးမှုအနေဖြင့် ၈ ဦး ဒဏ်ရာရ  ၂၄ ဦး)၊ မံစီမြိုနယ်အတွင်း တပ်စခန်းများအားလာရောက်တိုက်ခိုက်စဉ် KIA/PDF အကြမ်းဖက်သမား(သေဆုံး ၁ ဦး)၊ ဝိုင်းမော်မြို့နယ်အတွင်း တိုက်ပွဲဖြစ်စဉ်တွင်  KIA/PDF အကြမ်းဖက်သမား (သေဆုံးမှုအနေဖြင့် ၅ ဦး၊ ဒဏ်ရာရ ၂ ဦး) အထိရှိခဲ့ကြောင်း၊ ကချင်ပြည်နယ်တိုက်ပွဲများအတွင်း KIA/PDF အကြမ်းဖက်သမားများသေဆုံးမှု ၂၁၀ ဦးအထိရှိခဲ့၍ ဒဏ်ရာရ ၂၆၂ ဦးရှိခဲ့ကြောင်း တွေ့ရှိရပြီး ဗန်းမော်မြို့နယ်တွင် KIA/PDF အကြမ်းဖက်အဖွဲ့ ခေါင်းဆောင်ပိုင်းများ အပါအဝင် အများအပြား သေဆုံး/ဒဏ်ရာရရှိခဲ့ကြောင်း တွေ့ရှိရသည်။

လက်ရှိအချိန်တွင် တပ်မတော်မှ ဗန်းမော်မြို့အား ဆက်လက်ထိန်းချုပ်ထားပြီး ဗန်းမော်မြို့နယ်အတွင်း ခိုအောင်းနေသော အကြမ်းဖက်သမားများကို လိုက်လံရှင်းလင်းလျက်ရှိကြောင်း သိရသည်။

ယနေ့  ၁၉-၁၂-၂၀၂၄ ရက်နေ့ ညပိုင်း ၉ နာရီ သတင်းအရ အမ်းမြို့တွင် နံနက် ၇ နာရီအချိန်ခန့်က တိုင်းရုံးအား သောင်းကျန်းသူများမှ လာရောက်တိုက်ခိုက်ခဲ့သောကြောင့်‌နေ့လည် ၁၁ နာရီအချိန်အထိ နှစ်ဖက်တိုက်ပွဲ ၄ နာရီခန့် ဖြစ်ပွားခဲ့‌‌ကြောင်း၊ နံနက် ၈ နာရီအချိန်ခန့်က ဆင်ခုံတိုင်စခန်း၏ အနောက်ဘက် မီတာ ၃၀၀ ခန့် အကွာရှိ ကာကင်းစခန်းများအား သောင်းကျန်းသူများမှ လာရောက်တိုက်ခိုက်ခဲ့သောကြောင့် နှစ်ဖက်တိုက်ပွဲ ကြိုကြားကြိုကြားဖြစ်ပွားခဲ့ပြီး  ရန်သူအား ထိန်းချုပ်ဟန့်တားနိုင်ခဲ့ကြောင်း သိရသည်။

ထို့အတူ စစ်တွေမြို့တွင် ယနေ့ည ၈ နာရီခန့်က AA သောင်းကျန်းသူများမှ ခမောင်းတောကျေးရွာမှနေ၍ စစ်တွေမြို့ အရှေ့မြောက်ဘက်ရှိ ကာကင်းစခန်းတစ်ခုအား လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ၎င်းတို့ပစ်ခတ်သည့်နေရာအား အမြာက်လက်နက်ကြီးများဖြင့်လည်းကောင်း၊ ရေတပ်သ‌င်္ဘောမှ လက်နက်ကြီးများဖြင့်လည်းကောင်း ပစ်ခတ်ချေမှုန်းခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)