ငါန်းဇွန်းမြို့နယ်၊ ဆပ်ပြာကျင်းကျေးရွာမှ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တစ်ဦးနှင့် အမျိုးသမီးသမီးကို PDF အကြမ်းဖက်သမားများက ရက်စက်စွာ သတ်ဖြတ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငါန်းဇွန်းမြို့နယ်၊ ဆပ်ပြာကျင်းကျေးရွာမှ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တစ်ဦးနှင့် အမျိုးသမီးသမီးကို PDF အကြမ်းဖက်သမားများက ရက်စက်စွာ သတ်ဖြတ်



ငါန်းဇွန်း၊ ဒီဇင်ဘာ ၂၀

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့အနောက်ဘက် ၂မိုင်ခန့်အကွာရှိ ဆပ်ပြာကျင်းကျေးရွာအတွင်းသို့ ၁၉-၁၂-၂၀၂၄ ရက်နေ့ ၁၃း၃၀ အချိန်ခန့်တွင် PDF အကြမ်းဖက်သမားအင်အား ၇၀ဦးခန့်သည် ဆိုင်ကယ်များ၊Light truck မော် တော်ယာဉ်များဖြင့် ဝင်ရောက်လာပြီး ငါန်းဇွန်မှဆပ်ပြာကျင်းရွာသို့ ခေတ္တခွင့်ဖြင့်ပြန်သွားသည့် ဌာနေပြည်သူ့စစ်အဖွဲ့ဝင် ဦးကြည်သောင်းနှင့် ပြည်သူ့စစ်အဖွဲ့ဝင် ဦးစိုးပေ၏ဇနီးဖြစ်သူ ဒေါ်ယမင်းသူတို့အား PDF အကြမ်းဖက်အဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

ဦးကြည်သောင်းတွင် ဦးခေါင်း ပွင့်ထွက်ဒဏ်ရာ ၂ချက်၊ ဒေါ်ယမင်းသူတွင် ဦးခေါင်း ပွင့်ထွက်ဒဏ်ရာ ၁ချက်၊ ယာ-လက် ဖောက်ထွက်ဒဏ်ရာ ၁ချက်တို့ဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့သည်။]

PDF အကြမ်းဖက်သမားများသည် ဌာနေပြည်သူ့စစ်အဖွဲ့ဝင် ဦးထွန်းပိုင်၏ဇနီးဖြစ်သူ ဒေါ်မော် နှင့် သားဖြစ်သူ မောင်အောင်မျိုးဇော် တို့အား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ကျေးရွာအတွင်းရှိ ဦးအောင်ညွန့်ဝင်း ပိုင်ဆိုင်သည့် Hijet မော်တော်ယာဉ် 7N/6754 အားမောင်းနှင်ယူဆောင်ကာ ကုလကျေးရွာဘက်သို့ ထွက်ပြေးသွားကြောင်း သိရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဌာနေပြည်သူ့စစ်အဖွဲ့ဝင်များမှ PDF အကြမ်းဖက်သမားများနောက်သို့ လိုက်လံရှင်းလင်းလျက်ရှိကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)