မန္တလေး၊ ဒီဇင်ဘာ ၂၀
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ငယ်တိုးကျေးရွာအုပ်စု၊ စစ်ကိုင်း- မန္တလေးကားလမ်း၊ သစ်သီးဝလံဈေးအဆောက်အဦးရှေ့၌ ၁၉-၁၂-၂၀၂၄ ရက်နေ့ ၁၄:၄၀ အချိန်ခန့်တွင် လောင်စာဆီ ဂါလံ ၉၆၀၀ဆံ့ ဆီဘောက်ဆာမော်တော်ယာဉ် YGN -2TLR/8873 မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယာဉ်မောင်း ဦးအောင်ကိုကို နှင့် ယာဉ်နောက်လိုက် ဦးသိန်းဇော် တို့မှ အမရပူရမြို့နယ်၊ ပန်းချီကျေးရွာအုပ်စု၊BOC စက်သုံးဆီ အရောင်းဆိုင်တောင်ဘက်ရှိ ဆီတင်ချသည့်နေရာ၌ ဆီ တင်/ချပြုလုပ်နေစဉ် ဆီဘောက်ဆာ မီးစွဲလောင်ခဲ့ရာမှ ငယ်တိုးကျေးရွာအုပ်စု၊ စစ်ကိုင်း-မန္တလေးကားလမ်း၊ သစ်သီးဝလံဈေးအရှေ့သို့ အမြန်မောင်းနှင်ထွက်ခွာလာပြီး တွဲခေါင်း MDY-14/5S/7671 အား ဖြုတ်ခဲ့ကြောင်း၊ မီးလောင်မှုဖြစ်ပွားရာသို့ မီးသတ်တပ်ဖွဲ့ဝင်များ ရောက်ရှိငြိမ်းသတ်မှုကြောင့် ၁၅ ၁၀ အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
မီးလောင်မှုဖြစ်စဉ်တွင် ယာဉ်မောင်း ဦးအောင်ကိုကိုမှာ ခြေထောက်နှင့် ဝမ်းဗိုက်တို့တွင် မီးစွဲလောင်ဒဏ်ရာ ရရှိခဲ့သဖြင့် မန္တလေး ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ကုသထားကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment