နေပြည်တော်၊ ဒီဇင်ဘာ ၁၉
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနက ကျင်းပသည့် ၂၀၂၄ ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲတွင် အောင်မြင်ခဲ့သော အစိုးရဓမ္မာစရိယ အထူးအောင်သုံးပါး၊ ပါဠိဂုဏ်ထူးအောင်ခြောက်ပါး၊ မြန်မာဂုဏ်ထူးအောင်သုံးပါး၊ အစိုးရဓမ္မာစရိယသုံးကျမ်းအောင် ၁၄၄၃ ပါး၊ ပါဠိပထမပြန်အထူးအောင် ၁၆ ပါး၊ နိကာယ်အထူးအောင် ၁၃ ပါး၊ မဟာဝိဒူအောင် ၁၅ ပါး၊ အဘိဓမ္မာနှင့်ဝိသုဒ္ဓိမဂ် အထူးအောင်ကိုးဦးတို့အား ဘွဲ့တံဆိပ်တော်များနှင့် အောင်လက်မှတ်များ ဆက်ကပ် လှူဒါန်းသည့် မဟာဘွဲ့နှင်းသဘင်အခမ်းအနားကို ၁၃၈၆ ခုနှစ် တပို့တွဲလပြည့်ကျော် ၂ ရက်၊ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်၊ သောကြာနေ့၊ မွန်းတည့် ၁၂ နာရီတွင် ရန်ကုန်မြို့ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ ဆဋ္ဌသင်္ဂါယနာမဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး၌ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ကျင်းပမည်ဖြစ်သည်။
အဆိုပါ မဟာဘွဲ့နှင်းသဘင်အခမ်းအနားသို့ အချိန်မီကြွရောက်ရန် သက်ဆိုင်ရာ အထူးအောင်ပုဂ္ဂိုလ်များနှင့် ပင့်သံဃာတော်များကို ပင့်စာများ ပေးပို့ဆက်ကပ်ပင့်ဆောင်မည် ဖြစ်သည်။ ပင့်စာများကို အချိန်မီမရရှိပါကလည်း ကြွရောက်တော်မူကြပါရန်နှင့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်မှစ၍ ရုံးချိန်အတွင်း ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ သာသနာရေးဦးစီးဌာန စာမေးပွဲဌာနခွဲသို့ ဆက်သွယ်သတင်းပေးပို့ကြပါရန် သာသနာရေးဦးစီးဌာနက ပင့်လျှောက်ထားကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost

No comments:
Post a Comment