နေပြည်တော်၊ ဒီဇင်ဘာ ၂၆
ခရစ်တော်မွေးနေ့ (ခရစ္စမတ်) ကျေးဇူးတော်ချီးမွမ်းခြင်း အခမ်းအနားကို ယမန်နေ့က နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့၊ ရန်အောင်(၁)ရပ်ကွက်ရှိ စိန့်မိုင်ကယ် ကက်သလစ်ဘုရားကျောင်း၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး တက်ရောက်သည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး၏ ဇနီး၊ ကောင်စီဝင် ဦးဝဏ္ဏမောင်လွင်၊ ဒေါ်ဒွဲဘူ၊ ပိုးရယ်အောင်သိန်း၊ ဒေါက်တာ မှုထန်၊ ဒေါက်တာဘရွှေ၊ ခွန်စံလွင်နှင့် ၎င်းတို့၏ ဇနီးများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဗဟိုအကြံပေးအဖွဲ့ခေါင်းဆောင် ဦးစောထွန်းအောင်မြင့်နှင့် အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ၎င်းတို့၏ ဇနီးများ၊ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ခရစ်ယာန်ဘုန်းတော်ကြီးများ၊ ဆရာတော်များ၊ သီလရှင်များ၊ ဆရာများ၊ စစ္စတာများ၊ ကက်သလစ်လူငယ်အဖွဲ့များ၊ ခရစ်ယာန်ဘာသာဝင်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။
ဦးစွာ ခရစ်တော်မွေးနေ့ (ခရစ္စမတ်) အခမ်းအနားကို အဖွင့်မေတ္တာဖြင့် ဘုန်းတော်ကြီး စိုးလင်းအောင်က ဖွင့်လှစ်ပေးပြီး ခရစ်ယာန်ဘာသာဝင်လူငယ်များက ဓမ္မသီချင်းဖြင့် သီဆိုချီးမွမ်းကြကာ ဘုန်းတော်ကြီး ဦးကျော်ငြိမ်းက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက ခရစ္စမတ်နှုတ်ခွန်းဆက်စကားပြောကြားသည်။
ယင်းနောက် ဆရာတော် ဦးအောင်ဇော်က အထူးဆုမွန်ကောင်းတောင်းစကားပြောကြားသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူးနှင့် ဇနီးတို့က အခမ်းအနားသို့ တက်ရောက်ကြသူများနှင့်အတူ “တိတ်ဆိတ်ည သန့်ရှင်းညကျူး” ဓမ္မသီချင်းကို သီဆိုချီးမွမ်းကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူးထံ ဘုန်းတော်ကြီး၊ သီလရှင်နှင့် ဆရာတော်တို့က ခရစ္စမတ်အမှတ်တရ ဂါရဝပြုလက်ဆောင်နှင့် ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ကြရာ ခရစ္စမတ်အထိမ်းအမှတ် လက်ဆောင်သစ်သီးခြင်း ပြန်လည်ပေးအပ်သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူးနှင့် ဇနီး၊ အဖွဲ့ဝင်များက ခရစ်တော်မွေးနေ့ (ခရစ္စမတ်) အခမ်းအနားသို့ တက်ရောက်လာကြသည့် ခရစ်ယာန်ဘာသာဝင်များကို ရင်းရင်းနှီးနှီးနှုတ်ဆက်ကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး၊ ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများက ဘုန်းတော်ကြီးများ၊ ဆရာတော်များ၊ သီလရှင်များ၊ ဆရာများနှင့် စစ္စတာများအား ခရစ္စမတ်လက်ဆောင်နှင့် စားသောက်ဖွယ်ရာများကို ပေးအပ်ကြပြီး ခရစ်တော်မွေးနေ့ (ခရစ္စမတ်) အထိမ်းအမှတ် မိတ်သဟာယနေ့လယ်စာကို အတူတကွ သုံးဆောင်ခဲ့ကြသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment