ညောင်ဦးမြို့နယ်၊ မြင်းကပါကျေးရွာရှိ ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်းမှ တူးဖော်ရရှိသည့် ရှေးဟောင်းရွှေထည်ပစ္စည်းများအား သက်ဆိုင်ရာ တာဝန်ရှိသူများထံ သတင်းပေးပို့အပ်နှံခြင်းမရှိဘဲ ထုခွဲရောင်းချခဲ့သူများအား ဖော်ထုတ်ဖမ်းဆီးအရေးယူ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ညောင်ဦးမြို့နယ်၊ မြင်းကပါကျေးရွာရှိ ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်းမှ တူးဖော်ရရှိသည့် ရှေးဟောင်းရွှေထည်ပစ္စည်းများအား သက်ဆိုင်ရာ တာဝန်ရှိသူများထံ သတင်းပေးပို့အပ်နှံခြင်းမရှိဘဲ ထုခွဲရောင်းချခဲ့သူများအား ဖော်ထုတ်ဖမ်းဆီးအရေးယူ


ညောင်ဦး၊ ဒီဇင်ဘာ ၂၅

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်နေ့က မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့၊ မြင်းကပါကျေးရွာရှိ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း၌ ရေစီးရေလာကောင်းမွန်စေရန် အတွက် ရေမြောင်းဖောက်လုပ်ခြင်း လုပ်ငန်းများဆောင်ရွက်စဉ် တူးဖော်ရရှိခဲ့သည့် ရှေးဟောင်း ရွှေထည်ပစ္စည်းများအား သက်ဆိုင်ရာတာဝန်ရှိသူများထံ သတင်းပေးပို့အပ်နှံခြင်းမရှိဘဲ ထုခွဲရောင်းချ၍ ကိုယ်ကျိုးစီးပွားအတွက် ခွဲဝေအသုံးပြုခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်းသတင်းအရ ကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့စုံစမ်းဆောင်ရွက်ခဲ့ကြရာ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်နေ့တွင် အဆိုပါ မြင်းကပါကျေးရွာရှိ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ရေစီးရေလာကောင်းမွန်စေရန်အတွက် ရေမြောင်းဖောက်လုပ်ခြင်းလုပ်ငန်းများအား လုပ်ကိုင်ခွင့်ရရှိထားသူ ဦးညို(ခ)ကိုကိုညို(စိစစ်ဆဲ)သည် ပန်းရံအလုပ်သမားများဖြစ်ကြသော အောင်ဖြိုး၊ စိန်ထွန်း၊ အောင်မိုး၊ ဇေယျာဖြိုး၊ ဝင်းဇော်၊ ကျော်စိုးနိုင်၊ ဇွဲမာန်၊ ကိုငယ်၊ သန်းထွန်းအေး၊ အောင်သူဖြိုး၊ အောင်ကျော်မိုး၊ ဟန်ဝင်းသူ၊ မောင်တိုးတို့ ၁၃ ဦးနှင့်အတူ ရေမြောင်းတူးဖော်ခြင်းလုပ်ငန်းများဆောင်ရွက်စဉ် ရှေးဟောင်းမြေအိုး ၁ လုံး တူးဖော်ရရှိခဲ့ပြီး အဆိုပါမြေအိုးအတွင်းမှ ရှေးဟောင်းပစ္စည်းဟု ယူဆရသည့် ရွှေလက်ကောက် ၁၀ ကွင်း၊ ရွှေလုံး ၂ ခု၊ ရွှေဘယက်အချို့အား တူးဖော်တွေ့ရှိခဲ့ပြီး သက်ဆိုင်ရာတာဝန်ရှိသူများထံ သတင်းပေးပို့ အပ်နှံခြင်းမရှိဘဲ ထုခွဲရောင်းချ၍ ကိုယ်ကျိုးစီးပွားအတွက် အသုံးပြုနိုင်ရန် အောင်ဖြိုးမှ ရွှေလက်ကောက် ၁၀ ကွင်း၊ ရွှေလုံး ၂ ခုတို့ကို ယူဆောင်ပြီး ကျန်ရွှေဘယက်နှင့် အခြားရွှေထည် ပစ္စည်းများကို ဦးညို(ခ)ကိုကိုညိုမှ အသီးသီးခွဲဝေယူဆောင်ခဲ့ကြခြင်းဖြစ်ကြောင်း စုံစမ်းဖော်ထုတ်သိရှိရသည်။

စုံစမ်းဖော်ထုတ်ချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်နေ့တွင် ရှေးဟောင်းရွှေထည်ပစ္စည်းများ တူးဖော်ရရှိခဲ့သူ အောင်ဖြိုး၊ စိန်ထွန်းနှင့် အောင်မိုးတို့ ၃ ဦးအား ၎င်းတို့၏နေအိမ်အသီးသီးမှ သက်ဆိုင်ရာနယ်မြေ ရဲစခန်းသို့ ထိန်းသိမ်းခေါ်ဆောင်စစ်ဆေးခဲ့ရာ တရားခံ အောင်ဖြိုးက မန္တလေးမြို့ရှိ ဦးတင်မောင်ဆွေ (စိစစ်ဆဲ)၏နေအိမ်တွင် တူးဖော်ရရှိခဲ့သည့် ရှေးဟောင်းရွှေထည်ပစ္စည်းအလေးချိန် ၁၃ ကျပ်သားခန့် အား ငွေကျပ်သိန်း ၅၄၀ ဖြင့် ရောင်းချခဲ့ကြောင်း၊ ဦးညို(ခ)ကိုကိုညိုမှ ၎င်းခွဲဝေရရှိထားသည့် ရွှေထည်ပစ္စည်းအချို့အား သိန်း(၉၄၀)ကျပ်ဖြင့် ရောင်းချခဲ့ကာ အဆိုပါရရှိငွေများထဲမှ အလုပ်သမားများဖြစ်သူ စိန်ထွန်းပါ ၁၂ ဦးအား တစ်ဦးလျှင် ၅,၂၅၀,၀၀ဝိ/-နှုန်းဖြင့် ခွဲဝေပေးခဲ့ကြောင်း ဖော်ထုတ်သိရှိရပြီး တရားခံ အောင်မိုးထံမှ သက်သေခံ ရှေးဟောင်းရွှေထည်ပစ္စည်း ရွှေလက်ကောက်အကွေး ၅ ခုအား လည်းကောင်း၊ တရားခံ အောင်ဖြိုးထံမှ သက်သေခံရှေးဟောင်းရွှေထည်ပစ္စည်း ရွှေခဲ ၃ ခု၊ ရွှေထည် ပစ္စည်းမျိုးစုံ ၄ ကျပ်၊ ၁၀၊ ပဲ ၃ ရွေးနှင့် ရွှေထည်ပစ္စည်းအပိုင်းအစ ၁၆ ခု၊ ၁၃ ကျပ်၊ ၆ ပဲ၊ ၂ ရွေး တို့အား အသီးသီး ဖော်ထုတ်သိမ်းဆည်းရမိခဲ့သည်။

ဖြစ်စဉ်မှ ရှေးဟောင်းရွှေထည်ပစ္စည်းများအား တာဝန်ရှိသူများထံ သတင်းပေးပို့အပ်နှံခြင်း မရှိဘဲ ကိုယ်ကျိုးစီးပွားအတွက် ထုခွဲရောင်းချခဲ့သူ အောင်ဖြိုး၊ စိန်ထွန်း၊ အောင်မိုး တို့ ၃ ဦးနှင့် ဖမ်းဆီးရန် ကျန်တရားခံများဖြစ်ကြသည့် ဦးညို(ခ)ကိုကိုညိုပါ ၁၁ ဦးတို့အား ပုဂံနယ်မြေရဲစခန်း(ပ) ၂၅/၂၀၂၄၊ ရှေးဟောင်းဝတ္ထုပစ္စည်းများကာကွယ်ထိန်းသိမ်းရေးဥပဒေပုဒ်မ ၁၇/၁၉ ဖြင့် အမှုရေးဖွင့်ပြီး ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းနှင့် မိဘပြည်သူ များအနေဖြင့်လည်း ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ပစ္စည်းများအား တူးဖော်တွေ့ရှိပါက လက်ဝယ်ထားရှိခြင်း၊ စုဆောင်းထားရှိခြင်းနှင့် ကိုယ်ကျိုးစီးပွားအတွက် ထုခွဲရောင်းချခြင်းများမပြု လုပ်ရန်နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများထံ သတင်းပေးပို့ဆက်သွယ်၍ အပ်နှံနိုင်ရန် အသိပေးသတင်း ထုတ်ပြန်ထားသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)