စစ်သည်များသည် နိုင်ငံတော်အလံကို မိမိလက်ဖြင့် ကိုယ်တိုင် ထိတွေ့ပြီး သစ္စာ ၄ ချက်ကို ရွတ်ဆို ထားသည့် တပ်မတော်သားများ ဖြစ်သည်နှင့်အညီ နိုင်ငံတော်နှင့် တပ်မတော်အပေါ် သစ္စစောင့်သိရန်၊ မိမိရဲဘော်ရဲဘက်များအပေါ် သစ္စာစောင့်သိရန်၊ မိမိမိသားစုများအပေါ် သစ္စာစောင့်သိရန်လိုကြောင်း၊ နိုင်ငံတော် အပေါ် သစ္စာစောင့်သိခြင်းသည် ပေးအပ်သည့် တာဝန်များအပေါ် ကျေပွန်စွာ အောင်မြင်စွာ ထမ်းဆောင်ခြင်းပင်ဖြစ်ကြောင်း၊ မိမိရဲဘော်များအပေါ် သစ္စာ စောင့်သိခြင်းသည် ရဲဘော်စိတ်ဖြစ်သည့် ရဲဘော်အချင်းချင်းအပေါ်တွင် ထားရှိသည့် မေတ္တာတရား၊ သံယောဇဉ်တရား၊ သစ္စာစောင့်သိမှု တရားပင်ဖြစ်ကြောင်း၊ မိသားစုအပေါ် သစ္စာစောင့်သိခြင်းမှာ မိမိကြောင့် မိမိမိသားစု ဂုဏ်သိက္ခာမကျအောင်၊ မိမိကြောင့် ပြည်သူများ ဝန်ထုတ်ဝန်ပိုးမဖြစ်စေရန်နှင့် ပြည်သူများထိခိုက်နစ်နာမှု မရှိအောင် ပြုမှုဆက်ဆံနေထိုင်ခြင်းပင် ဖြစ်ကြောင်း။
တပ်မတော်သားအဖြစ် ခံယူထားပြီးဖြစ်သည့်သူများသည် နိုင်ငံတော်နှင့် တပ်မတော်တာဝန်များကို ၂၄ နာရီ တာဝန်ထမ်းဆောင်နေကြသည့် နိုင်ငံသားကောင်း ရတနာများဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတစ်ဦးချင်း ရရှိပိုင်ဆိုင်ထားသည့် ဂုဏ်သိက္ခာကို မကျဆင်းအောင်၊ မဆုံးရှုံးအောင် တပ်မတော်သားတစ်ဦး၏ ကျင့်ဝတ် စည်းကမ်းများကို အမြဲထိန်းသိမ်းစောင့်ရှောက်သွားရန် လိုကြောင်း။
တပ်မတော်သားတစ်ဖြစ်သည်နှင့်အညီ ပေးအပ်လာသည့် တာဝန်များအပေါ် ကျေပွန်အောင်ထမ်းဆောင်သွားကြရန်လိုကြောင်း၊ ထို့ပြင် လေ့ကျင့်သင်ကြား ပေးလိုက်သည့် စစ်အတတ်ပညာများကိုလည်း အမြဲတမ်းလေ့ကျင့်ရမည်၊ အမြဲတမ်း စစ်ရေးသတိရှိရမည်၊ အမြဲတမ်းတိုက်ပွဲဝင်အသင့် ဖြစ်ရမည် ဆိုသည့် မြဲ(၃)မြဲနှင့်အညီ အမြဲမပြတ်လေ့လာ လေ့ကျင့်လိုက်နာသွားကြရန်နှင့် ရဲရဲတက်၊ ရဲရဲတိုက်၊ ရဲရဲချေမှုန်း ဆိုသည့် ရဲ(၃)ရဲအတိုင်း ရန်သူကို ချေမှုန်းတိုက်ခိုက်ရမည်ဖြစ်ကြောင်း၊ ပြည်သူ့ စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၆)အထိ အောင်မြင်စွာ ဖွင့်လှစ်သင်ကြား လေ့ကျင့်ပေးခဲ့ပြီး သင်တန်းဆင်းနိုင်ငံသားကောင်းများအနေဖြင့် တာဝန်ကျရာ တပ်ရင်း/တပ်ဖွဲ့ များတွင် တာဝန်ကိုကျေပွန်စွာ ထမ်းဆောင်လျက်ရှိကြကြောင်း၊ အဆိုပါ ပြည်သူ့ စစ်မှုထမ်း သင်တန်းဆင်းများအနက်မှ အချိန်တိုအတွင်း နိုင်ငံတော်မှ ချီးမြှင့်ပေးအပ်သည့် စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့များ ရရှိခဲ့ကြသည်ကိုလည်း ဂုဏ်ယူ ဖွယ်ရာ တွေ့ရှိရကြောင်း။
သင်တန်းဆင်းပြီးနောက် သက်ဆိုင်ရာ တပ်ရင်း/တပ်ဖွဲ့အသီးသီးတွင် တာဝန် ထမ်းဆောင်ကြရာတွင်လည်း သင်တန်းကျောင်းမှ သင်ကြားပေးလိုက်သည့် စစ်အတတ်ပညာများကို လက်တွေ့အသုံးချသွားကြရန်နှင့် ဆောင်ရန်၊ ရှောင်ရန် အချက်များကိုလည်း လိုက်နာသွားကြရမည်ဖြစ်ကြောင်း၊ တာဝန်ပေးသည်ဖြစ်စေ မပေးသည်ဖြစ်စေ သင်ကြားတတ်မြောက်ထားသည့် စစ်ပညာများကို အပြည့်အဝ အသုံးချသွားကြရန်လိုကြောင်း။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment