ရန်ကုန်၊ ဒီဇင်ဘာ ၂၈
မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာကျေးရွာအုပ်စု၊ ပေါင်းငူဉာဏရပ်ကွက် ကရုဏာပရိတရိပ်သာတွင် စာဖတ်စွမ်းရည်ပြိုင်ပွဲ (ပထမအကြိမ်) ကို ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
ကရုဏာပရဟိတရိပ်သာ ဆရာတော်မှ သြဝါဒမိန့်ကြားပြီး ဖိတ်ကြားထားသည့် စာရေးဆရာကြီးများကလည်း အသိပညာပေး ဟောပြောပို့ချမှုများ ဆောင်ရွက်ခဲ့ကြသည်။ စာဖတ်စွမ်းရည်ပြိုင်ပွဲကို ဒီဇင်ဘာ ၂၈၊ ၂၉ နှစ်ရက် ကျင်းပမည်ဖြစ်ပြီး ကျောင်းပေါင်းစုံမှ Grade- 9မှ Grade-11 အထိ ကျောင်းသား/ကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
စာဖတ်စွမ်းရည်ပြိုင်ပွဲကို ကရုဏာပရဟိတဆရာတော် ဦးဆောင်၍ မင်္ဂလာဒုံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီ၊ မြို့နယ်စာရေးဆရာအသင်း၊ ပြည်သူ့စာကြည့်တိုက်များ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment