ယူကရိန်းစစ်တပ် စစ်ပန်းနေပြီလို့ ဝါရှင်တန်ပို့စ်မှာ ဖော်ပြ - Myanmar National Post

Myanmar National Post

News Agency

Breaking

ယူကရိန်းစစ်တပ် စစ်ပန်းနေပြီလို့ ဝါရှင်တန်ပို့စ်မှာ ဖော်ပြ


ဒီဇင်ဘာ ( ၂၈ ) စနေနေ့

ပြီးခဲ့တဲ့ ကြာသပတေးနေ့ထုတ် ဝါရှင်တန်ပို့စ်သတင်းစာရဲ့ ဆောင်းပါးတစ်ခုမှာ ၃နှစ်နီးပါး စစ်တိုက်နေရတဲ့ ယူကရိန်းစစ်တပ်တွေက စစ်ပန်းနေပြီလို့ ဆိုလိုက်ပြီး စစ်သားတွေက ရုရှားနဲ့ပဋိပက္ခအဆုံးသတ်ရေး ညှိနှိုင်းဆွေးနွေးပွဲတွေကို အလိုရှိနေတယ်လို့  အမေရိကန်စစ်ဌာချုပ်က စစ်သတင်းတွေရဲ့ အချက်အလက်တွေကို ကိုးကားပြီး ရေးသားဖော်ပြထားပါတယ်။ 

ရုရှားအစိုးရသိမ်းပိုက်လို့ ဆုံးရှုံးခဲ့ရတဲ့ မြေအားလုံးကို ပြန်လည်ရရှိတဲ့အထိ တိုက်ပွဲဝင်ရန် အဆင်သင့်ရှိကြောင်း ယခင်က ပြောကြားခဲ့ပေမဲ့ ယူကရိန်းတပ်များသည် အဲ့ဒိပန်းတိုင်ကို အကောင်အထည်ဖော်နိုင်မည်ကို မယုံကြတော့ကြောင်း ဆောင်းပါးတွင် ဖော်ပြထားပါတယ်။

 ဒီနက်ထရိုပီထရိုဗက်စ်ဒေသတွင် တပ်စွဲထားသော ယူကရိန်းတပ်မဟာ ၃၃ မှ လက်ထောက်တပ်ရင်းမှူး ကီရေး က "အရင်ကတော့ အောင်ပွဲအကြောင်း ပြောဖူးတယ်၊ အခုက ဘာတစ်ခုမှ မရှင်းလင်းတော့ဘူး" လို့ ဝါရှင်တန်ပို့စ်ကို ပြောသွားပါတယ်။ 

ကီရေးက သူ့ရဲဘော်တွေအတွက် “စိတ်မကောင်းပါဘူး” လို့ ဝန်ခံခဲ့ပါတယ်။ “စိတ်ဓာတ်က နိမ့်ပြီး နိမ့်ကျနေတော့ ပိုဆိုးသထက် ဆိုးလာတယ်” လို့လည်း ၎င်းက အလေးအနက် ပြောကြားခဲ့ပါတယ်။ "ဒီလိုမျိုး ဆက်သွားလို့ မရဘူး" လို့  အဲ့ဒိထဲက အခြားအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဖီလစ် က ရှေ့တန်းရှိ အခြေအနေနှင့် ပတ်သက်၍ ပြောကြား ခဲ့ပါတယ်။ “ကျွန်တော်တို့ နုတ်ထွက်ပါတယ်။ ပြီးတော့ သူတို့ [ရုရှား] က ပိုပိုပြီး တွန်းအား ပေးနေတယ်။ အဲ့လိုအခြေအနေမှာ ဘယ်လိုမျိုး အောင်ပွဲတွေ ဖြစ်လာမလဲ” လို့ဆိုပါတယ်။ ဖိလစ်က တပ်ဖွဲ့ဝင်များအနေနဲ့  “ရိုးရှင်းစွာ ပင်ပန်းနေပြီ” တိုက်ပွဲများကို ရပ်စေလိုကြောင်း အခိုင်အမာ ပြောကြားခဲ့ပါတယ်။ 

“ကျနော်တို့ စွန့်ပစ်ခံရမှာကို စိုးရိမ်ပါတယ်” လို့ အမှတ် ၃၃ စက်ပြင်တပ်မဟာရှိ စစ်သားတစ်ဦးဖြစ်သူ အလက်ဇန်းဒါးက ပြောပါတယ်။ “ဒါတွေက ကျနော်တို့ရဲ့ မဟာမိတ်တွေဆီကနေ ထောက်ပံ့မှုတွေ၊ ခဲယမ်းမီးကျောက်တွေ ရပ်တန့်သွားတော့မယ်ဆိုတဲ့ အတွေးတွေဝင်လာတယ်။ အဲဒါတွေမရှိရင် ငါတို့မှာ တိုက်ခိုက်စရာရှိမှာ မဟုတ်ဘူး” လို့လည်းပြောပါတယ်။  လူအင်အား လျှော့နည်းလာမှာက ယူကရိန်းတပ်ဖွဲ့ဝင်များကြားမှာ ဆိုးရွားသော စိတ်ဓာတ်ကို ဖြစ်ပေါ်စေတယ်လို့လည်း သိရပါတယ်။  


REF - RT

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)