ဒီဇင်ဘာ ၂၈ ( စနေနေ့)
ရုရှားကုန်တင်သင်္ဘော Ursa Major ကို အကြမ်းဖက်အဖွဲ့က အယ်လ်ဂျီးရီးယားနဲ့ စပိန်ကြား မြေထဲပင်လယ် အတွင်းမှာ တနင်္လာနေ့က တိုက်ခိုက်နစ်မြုပ်လိုက်ပါတယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ လုပ်ငန်းခွဲတစ်ခုဖြစ်သည့် အိုဘိုရွန်လော်ဂျစ်စတစ် မှဆိုပါတယ်။ အဲ့ဒိသင်္ဘာပေါ်မှ ရုရှားသင်္ဘောသား ၁၄ ဦးလွတ်မြောက်သွားရာ အင်္ဂါနေ့ ညနေပိုင်းမှာ နော်ဝေသင်္ဘော Orsolo Carrier 3 က ရုရှားသင်္ဘောသားတွေကို တွေ့ရှိပေမဲ့ မကယ်တင်ခဲ့ပါဘူး။ အဲ့ဒိကိစ္စနဲ့ ပတ်သက်ပြီး နော်ဝေသင်္ဘောကုမ္ပဏီက ရုရှားသင်္ဘောသားတွေကို ကယ်တင်ဖို့ရာမှာ သူတို့မှာ တာဝန်မရှိဘူးလို့ ကြေညာချက် ထုတ်ပြန်လိုက်လို့ ရုရှားအစိုးရပိုင်းက နော်ဝေတွေ နိုင်ငံတကာဥပဒေကို ချိုးဖောက်တယ်ဆိုပြီး ဒေါသထွက် နေပါတယ်။
နော်ဝေးသင်္ဘောပိုင်ရှင် Bulkship Management AS က Ursa Major နှင့် အခင်းဖြစ်ပွားရာဒေသရှိ ကယ်ဆယ်ရေး လုပ်ငန်းအားလုံးကို ကိုင်တွယ်သည့် စပိန်ရေကြောင်းအာဏာပိုင် MRCC Cartagena ရဲ့ ညွှန်ကြားချက်တွေကို လိုက်နာခဲ့တယ်လို့လည်းပြောပါတယ်။ အခင်းဖြစ်ပွားတဲ့နေရာကနေ အသက်ကယ်လှေတွေနဲ့ သင်္ဘောသားတွေ ထွက်ပြေးလာပါတယ်။ ဒါပေမဲ့ စပိန်ရေကြောင်းအာဏာပိုင်တွေက ထွက်ပြေးလာတဲ့ သင်္ဘောသားတွေကို ကျနော်တို့သင်္ဘောပေါ်ကိုမတင်ဖို့ လှမ်းပြီး ညွှန်ကြားပါတယ်။ ရာသီဥတုကလည်း ကောင်းတယ်၊ သင်္ဘောသားတွေမှာလည်း ထိခိုက်ဒဏ်ရာရထားတဲ့သူလည်း မရှိပါဘူး။ သူတို့ရဲ့ ကယ်ဆယ်ရေးယာဉ် မလာမချင်း ကျနော်တို့ကတော့ အဲ့ဒိအသက်ကယ်လှေကို ကျနော်တို့ သင်္ဘောနဲ့ တွဲချည်ထားပါတယ်လို့ နော်ဝေကုမ္ပဏီဘက်က ဆိုပါတယ်။
နှစ်မြုပ်ခံသင်္ဘောပေါ်က သင်္ဘောသားများအား သင်္ဘောပေါ်တက်ခွင့် ပိတ်ပင်ထားခြင်းက နော်ဝေနိုင်ငံသားများ သည် နိုင်ငံတကာ ရေကြောင်းဥပဒေကို ချိုးဖောက်ခဲ့ကြောင်း အိုဘိုရွန်လော်ဂျစ်စတစ်က အခိုင်အမာဆိုထာပါတယ်။ ကရင်မလင်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စ်ကော့ဗ် က ထိုပြောဆိုချက်ကို အတည်ပြုပါက နော်ဝေသင်္ဘောသားတွေရဲ့ လုပ်ရပ်အား အလုံးစုံ ပြစ်တင်ရှုတ်ချတယ်လို့ ဆိုလိုက်ပါတယ်။
၁၄၂ မီတာရှည်သော Ursa Major သည် အခင်းဖြစ်ပွားချိန်တွင် စိန့်ပီတာစဘတ်မှ ဗလာဒီဗော့စတော့သို့ လမ်းကြောင်းပေါ်ရောက်ရှိနေခဲ့ပါတယ်။ သောကြာနေ့အထိ သင်္ဘောသားနှစ်ဦး ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။
REF - RT
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment